အက်ဖ်အေဖလား ချဲလ်ဆီးနှင့်လီဗာပူး နိုင်ပြီး စပါး သရေကျ (ရုပ်သံဟိုက်လိုက်)

မနေ့ညကယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပွဲစဉ်တွေမှာ လီဗာပူးနဲ့ ချဲလ်ဆီးအနိုင်ရရှိပြီး စပါးအသင်း သရေကျသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ နော့တင်ဟမ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၆ မိနစ်နဲ့ ၃၃ မိနစ်တို့မှာ ကယ်လမ်ဟုဆမ်နဲ့ ဘာကလေတို့က သွင်းယူခဲ့တာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းကလည်း အိမ်ကွင်းမှာ အဲဗာတန်ကို ၁ ဂိုးတည်းနဲ့ကပ်ပြီး အနိုင်ရသွားပါတယ်။ အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၁ မိနစ်မှာ ဂျုံးက သွင်းယူခဲ့တာပါ။ နည်းပြ မောရင်ဟိုရဲ့ စပါးအသင်းကတော့ မစ်ဒယ်ဘရော့ရဲ့ အိမ်ကွင်းမှာ တဖက် ၁ ဂိုးစီ သရေကျသွားပါတယ်။  အိမ်ရှင်အသင်းက ဦးဆောင်ဂိုး အရင်ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာ အက်ရှ်လေ ဖလက်ချာက သွင်းယူခဲ့တာပါ။ စပါးအတွက် ချေပဂိုးကိုတော့ ၆၁ မိနစ်နစ်မှာ လူးကပ်မိုရာက သွင်းယူပေးခဲ့တာပါ။ သရေရလဒ်ကြောင့် ဒုတိယအကျော့ကို စပါး အိမ်ကွင်းမှာ ဆက်လက်ကစားရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up