Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်နေရာ အပြောင်းအလဲဖြစ်
DVB
·
January 5, 2020
မွန်ပြည်သစ်ပါတီ NMSP ရဲ့ ၁၀ ကြိမ်မြောက် ညီလာခံကို ရေးချောင်းဖျားရှိ ပါတီဌာနချုပ်မှာ ကျင်းပနေပြီး ပါတီဥက္ကဋ္ဌအဖြစ် နိုင်ဟံသာကို ရွေးချယ်လိုက်တယ်လို့သိရပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့မှာ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ အရန်ကော်မတီဝင်တွေကို အသစ်ပြန်လည်ရွေးချယ်လိုက်ခဲ့တာပါ။ အသစ်ပြန်လည် ရွေးချယ်လိုက်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့မှာ ပါတီဥက္ကဋ္ဌအဖြစ်  နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညားမဲ့စန်း၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေအဖြစ် နိုင်လယီကောင်း၊ နိုင်အေးမွန်၊ နိုင်ဗညားလယ်၊ နိုင်အောင်မငေးတို့ကို ရွေးချယ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဒီဗွီဘီကို ပြောပါတယ်။ ဒါအပြင် အရင်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်ကိုတော့ မွန်ပြည်သစ်ပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အဖြစထားရှိဖို့ ၁၀ ကြိမ်မြောက် ညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။  မွန်ပြည်သစ်ပါတီရဲ့ အရင် စစ်ဦးစီးချုပ် နိုင်လယီကောင်းမှာတော့ စစ်သက် ပြည့်မြောက်သွားလို့ စစ်ဦးစီးချုပ်က အနားယူခဲ့ပေမယ့် အရပ်ဘက်အုပ်ချုပ်ရေးမှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်အဖြစ် ပြန်လည် ပါဝင်လာပါတယ်။ ၃ နှစ်တကြိမ် ကျင်းပနေတဲ့ မွန်ပြည်သစ်ပါတီရဲ့ ညီလာခံကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024