သမ္မတဟောင်း ဦးသိန်းစိန်အား ပါတီဝင်များ ဂါရဝပြု တွေ့ဆုံပွဲပြုလုပ်
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 5, 2020
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်အား ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တွေရဲ့ ဂါရဝပြု တွေ့ဆုံပွဲကို နေပြည်တော်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဇန်နဝါရီ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ဂါရဝပြုတွေ့ဆုံပွဲ အစမှတော့ တက်ရောက်လာတဲ့ ပါတီဝင်တွေက ရိုဟင်ဂျာဆိုတာကို လက်မခံဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ဂမ်ဘီယာလှည့်ပြန်ဆိုတာကို ရည်ရွယ်ပြီးတော့ လက်ကြက်ခြေခတ် ကမ်ပိန်းကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။
အဲ့ဒီတွေ့ဆုံပွဲကို ပါတီဝင်တွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးက အင်အား ၁၀၀၀၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းက အင်အား ၈၀၀၊ မန္တလေးတိုင်းဒေသကြီး နယ်မြေအတွင်းက အင်အား ၄၅၀၊ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ပါတီဝင်တွေ အပါအဝင် စုစုပေါင်း အင်အား ၃၂၀၀ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုလိုတွေ့ဆုံပွဲမျိုးကို ၂၀၁၆ ခုနှစ်ကတည်းက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခု ၂၀၂၀ နှစ်မှာတော့ ၄ ကြိမ်မြောက် ကျင်းပပြုလုပ်တာပဲ ဖြစ်ပါတယ်။