Homeသတင်းဓာတ်ပုံ
ရခိုင်စစ်ရှောင်များအတွက် အိန္ဒိယကူညီပေးပို့သည့် စားနပ်ရိက္ခာများ စစ်တွေဆိပ်ကမ်းရောက်ရှိ
ရခိုင်စစ်ရှောင်များအတွက် အိန္ဒိယကူညီပေးပို့သည့် စားနပ်ရိက္ခာများ စစ်တွေဆိပ်ကမ်းရောက်ရှိ
DVB
·
January 5, 2020
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် အိန္ဒိယအစိုးရက ကူညီပေးပို့တဲ့ စားနပ်ရိက္ခာတွေ စစ်တွေဆိပ်ကမ်းရောက် ရောက်ရှိလာပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားဆိပ်ကမ်းကနေ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတဆင့် ရခိုင်ပြည်နယ်စစ်တွေမြို့ ပို့ဆောင်ခဲ့တာပါ။
ပထမအသုတ်မှာ တာပေါ်လင် ၂၀၀၀၀ စ (၄၁ မက်ထရစ်တန်)၊ ကီလို ၂၅ ဂရမ်စီပါ ဆန်အိတ် ၂ သောင်း၊ ပဲပုပ်ဆီ ၃၉၇၆၂ ဘူးတို့ ပါရှိတယ်လို့ သိရပါတယ်။
ဒုတိယအသုတ်မှာ ခေါက်ဆွဲ၊ ကုလားပဲ၊ စားတော်ပဲ၊ ငြုတ်သီးမှုန့်၊ စမုန်စပါးမှုန့်၊ နံနံပင်မှုန့်နဲ့ ဆား တို့ ရောက်ရှိလာမယ်လို့ သိရပါတယ်။
အဆိုပါစားနပ်ရိက္ခာနဲ့ ပစ္စည်းတွေကို နေရပ်စွန့်ခွါ စစ်ဘေးရှောင်ပြည်သူတွေထံ ပို့ ဆောင်ထောက်ပံ့ပေးသွးမယ်လို့ သိရပါတယ်။