မင်းလှမြို့နယ်တွင် တရားမဝင် ရေနံချက်ဖိုများ ဖမ်းဆီးအရေးယူ
DVB
·
January 5, 2020
မကွေးတိုင်း သရက်ခရိုင်၊မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းအပိုင် နယ်မြေအတွင်းမှာ တရားမဝင် ရေနံချက်ဖိုတွေကို ဒီဇင်ဘာ ၃ ရက်က ဖမ်းဆီးအရေးယူခဲ့တယ်လို့ အဲဒီစခန်း တာဝန်ရှိသူကပြောပါတယ်။
တရားမဝင် ရေနံချက်ဖို့တွေနဲ့ရေနံချက်လုပ်နေတယ်လို့ သတင်းအရ ရေပေါ်ကျေးရွာရဲ့ အရှေ့ဘက် ၂ မိုင်ခန့်အကွာ တောအတွင်းမှာ ဝင်ရောက်ရှာဖွေတဲ့အချိန်မှာ အခုလိုဖမ်းဆီး ရမိတာလို့ ဆိုပါတယ်။
ရေနံချက်လုပ်ရာမှာ အသုံးပြုတဲ့ချက်ဖို ရေနံသိုလှောင်ကန်နဲ့ ရေနံချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ တရားမဝင်ရေနံချက်လုပ်နေတဲ့ လူ ၃ ဦးကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ ရေနံမနယ်မြေရဲစခန်းက ရေနံနဲ့ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
တင်ရွှေ(မင်းဘူး)