နယ်ခြားစောင့်ရဲ ၂ ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိဟု အေအေထုတ်ပြန်
DVB
·
January 5, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း သဇင်မြိုင်ကျေးရွာအနီးရှိ နယ်ခြားစောင့်စခန်းမှ နယ်ခြားစောင့်ရဲ ၂ ဦးကို wy စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အေအေက ဇန်နဝါရီ ၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဘူးသီးတောင်မြို့နယ် သဇင်မြိုင်ကျေးရွာ နဲ့ ပင်ရှည်ရွာ အကြားမှာ ဇန်နဝါရီ ၂ ရက်နေ့က မသင်္ကာဖွယ်လူ ၄ ဦးအား ရက္ခိုင့်တပ်မတော်က ခေါ်ယူစစ်ဆေးရာ လက်နက်တွေနဲ့ ခုခံကာကွယ်ပြီး ၂ ဦး လွတ်မြောက်ခဲ့ကာ ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူ ၂ ဦးမှာ သဇင်မြိုင် နယ်ခြားစောင့်စခန်းမှတပ်ကြပ် အောင်ကျော်ကျော်နဲ့ တပ်သား ဝင်းမိုးသန်းတို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့ဒီ နယ်ခြားစောင့်ရဲ ၂ ဦးမှာ စေတီပြင်ရဲစခန်းမှ လစာသွားထုတ်ပြီးပြန်လာစဉ် အေအေအဖွဲ့ရဲ့ တိုက်ခိုက်မှုခံခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
သဇင်မြိုင် ကျေးရွာဟာ ရသေ့တောင်မြိ့နယ် အငူမော်ဆိပ်ကမ်းနဲ့ ဘူးသီးတောင်မြို့ သွားရာလမ်းမှာ တည်ရှိနေပြီး အငူမော်မှ မိုင် ၄၀ ခန့်ကွာဝေးကာ အိမ်ခြေ ၃၀ ခန့်ရှိတဲ့ ကျေးရွာတခုလည်း ဖြစ်ပါတယ်။
ကောင်းကောင်း