အေအေတပ်ဖွဲ့ဝင်တဦး ကျောက်တော်မြို့တွင် ဖမ်းမိ
DVB
·
January 5, 2020
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ အေအေတပ်ဖွဲ့ဝင်တယောက်ကို ဇန်နဝါရီ ၂ ရက်ညက ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က ဇန်နဝါရီ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူဟာ ကြိမ်ချောင်းရွာနေ အောင်ဆန်းဦး ဆိုသူဖြစ်ပြီ ကျောက်တော်မြို့မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိခဲ့တာပါ။
အခုလိုဖမ်းဆီးရမိတဲ့ အောင်ဆန်းဦးဆိုသူဟာ ရက္ခိုင့်တပ်မတော် (AA) အဖွဲ့မှာ တာဝန်ထမ်းဆောင်နေပြီး မဟာကံကြီးရှင်ဘုရားအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားသွားလာမှုတွေကို စုံစမ်းနေသူဖြစ်တဲ့အပြင် ဖမ်းဆီးရမိချိန်မှာ မူးယစ်ဆေးသုံးစွဲထားတာကို ဆေးစစ်ဆေးချက်အရ တွေ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူကို တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေး ကျောက်တော်မြို့မရဲစခန်းဆီ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။