Homeမြန်မာသတင်း
ကော့သောင်းမြို့မှ မူးယစ်ဆေးစွဲ စိတ်ဝေဒနာခံစားရသူ ၆ ဦးကို စိတ်ကျန်းမာရေးဆေးရုံပို့ ကုသ
ကော့သောင်းမြို့မှ မူးယစ်ဆေးစွဲ စိတ်ဝေဒနာခံစားရသူ ၆ ဦးကို စိတ်ကျန်းမာရေးဆေးရုံပို့ ကုသ
DVB
·
January 4, 2020
တနင်္သာရီတိုင်း ကော့သောင်းမြို့မှ မူးယစ်ဆေးစွဲပြီး စိတ်ဝေဒနာခံစားနေရတဲ့သူ ၆ ဦး မူးယစ်ဆေးဖြတ်ဖို့ အုပ်ထိန်းသူတွေနဲ့တိုင်ပင်ပြီး ဒီဇင်ဘာ ၄ ရက်နေ့က စိတ်ကျန်းမာရေးဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ အဏ္ဏဝါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြောပါတယ်။
ဆေးရုံကို ပို့ထားချင်ပေမယ့် ငွေကြေးမတတ်နိုင်သူတွေကိုလည်း အလှူရှင်တွေ ရှာဖွေပေးပြီး ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့က မူးယစ်ဆေးဝါးစွဲနေတဲ့လူငယ်တွေကို သူတို့ရဲ့မိဘတွေနဲ့တိုင်ပင်ပြီးတော့မှ သူတို့ကို မူးယစ်ဆေးဝါဖြတ်ဖို့အတွက် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးကို ပို့ဆောင်ပေးတာပါ။ နောက်ထပ်လည်း မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဝေဒနာခံစားနေရတဲ့ ဆေးစွဲလူနာတွေကို မိဘတွေက အကူအညီတောင်းလာတာရှိရင် ကျနော်တို့က ကြားကနေပြီး ကူညီပေးဖို့ရှိပါတယ်။ တကယ်လို့ ဆေးဖြတ်ဖို့ ဆေးရုံတက်ကုသဖို့ဆိုရင် ကျနော်တို့ကို ဆက်သွယ်နိုင်ပါတယ်။”
အခုပို့ဆောင်ပေးတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တုန်းကလည်း ၅ ဦး ပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီး ၁ ဦး ရောဂါပျောက်ကင်းနေပြီလို့ သိရပါတယ်။
လတ်ကိုကိုဦး