Home
မြန်မာသတင်း
ဆော်ဒီ၊ ဘာရိန်း၊ ကာတာနှင့် အိုမန်နိုင်ငံရောက် မြန်မာများကို လုံခြုံရေး သတိပေး
DVB
·
January 4, 2020
လတ်တလော အီရတ်နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စိတ်ပူစိုးရိမ်ဖွယ်ရာ အခြေအနေတွေအရ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကာတာနဲ့ အိုမန်နိုင်ငံတို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ လုံခြုံရေး သတိရှိကြဖို့ ရီယာဒ်မြို့ မြန်မာသံရုံးက ဇန်နဝါရီ ၄ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။  လက်ရှိဒေသတွင်း အခြေအနေတွေကို မျက်ခြေမပြတ်စေပဲ လုံခြုံရေးသတိရှိကြဖို့ နှိုးဆော်ထားပါတယ်။  မိမိတို့ရောက်ရှိနေတဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဥပဒေနဲ့အညီ မသက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်မှု မရှိဖို့နဲ့ တင်းကြပ်လာနိုင်ဖွယ်ရှိတဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ စနစ်တကျ နေထိုင်ဖို့ နှိုးဆော်စာမှာ ပါရှိပါတယ်။  မမျှော်လင့်ပဲ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ ထူခြားမှုတွေရှိရင် ရီယာဒ်မြို့ရှိ မြန်မာသံရုံးကို ၂၄ နာရီအတွင်း အကူအညီတောင်းခံနိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။ ဖုန်း - +၉၆၆ ၁၁ ၂၂၉ ၃၅၂၃,+၉၆၆ ၁၁ ၂၂၉ ၃၅၂၅ Hotline - +၉၆၆ ၅၄ ၆၄၀ ၃၅၃၇,+၉၆၆ ၅၄ ၁၇၁ ၃၁၆၀ Email- [email protected]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024