ဗိုလ်ချုပ်ပုံပါ ၁၀၀၀ ကျပ်တန်ငွေစက္ကူ ၇ ရက်နေ့ စတင်ဖြန့်ဝေမည်
DVB
·
January 4, 2020
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူပုံစံသစ်ကို ရုံးဖွင့်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၇ ရက်နေ့က စတင်ပြီး ဘဏ်တွေကနေ ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိသုံးစွဲနေတဲ့ ၁၀၀၀ ကျပ်တန် ငွေစက္ကူတွေဟာလည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။
အသစ်ထုတ်ဝေမယ့် ၁၀၀၀ ကျပ်တန် ငွေစက္ကူရဲ့ မျက်နှာစာဘက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ကျောဘက်မှာ လွှတ်တော်အဆောက်အဦပုံ ရိုက်နှိပ်ထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူ ပုံစံသစ်ရဲ့ အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရှိပြီး ပေါ်လွင်သောအရောင်မှာ အပြာရောင်ဖြစ်ပါတယ်။