ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကရင်မိန်းကလေးကို ထိုင်းအစိုးရ တာဝန်ယူကုသပေးမည်

အလုပ်သမား၀န်ြကီးဌာန ညွှန်ြကားေရးမှူး ဦးနုိင်ထွန်းနဲ့အဖွဲ့ ကယ်ဆယ်ေရးေဂဟာသို့ ထောကျပံ့ငှေ သွားေရာက်လှူဒါန်းခဲ့(ဓာတ်ပံု- သမ္မတရုံးညွှန်မှူး ဦးေဇာ်ေဋ္ဌး)
ထိုင်းအိမ်ရှင်တွေရဲ့ ရေနွေးနဲ့လောင်းပြီး  နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဒဏ်ရာအကြီးအကျယ်ရထားတဲ့ ကရင် မိန်းကလေးငယ်ကို ထိုင်းအစိုးရက အရေပြားအစားထိုး ပလပ်စတစ်ဆာဂျရီနည်းနဲ့ အခမဲ့ ခွဲစိတ်ကုသပေးမယ်လို့ တာဝန်ယူ ပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရဘက်က အလုပ်သမားညွှန်ကြားရေးမှူး  ဦးနိုင်ထွန်းခေါင်းဆောင်တဲ့အဖွဲ့ဟာ ကရင်မိန်းကလေး မအဲကို ကြည့်ရှုစောင့်ရှောက်ထားတဲ့ ကမ်ဖိုင်ဖစ်မြို့က မိခင်နဲ့ကလေးပြန်လည်ထူထောင်ရေးကျောင်းကို ဒီနေ့ သွားရောက်တွေ့ဆုံရာမှာ ထိုင်းတာဝန်ရှိသူတွေက အခုလို ပြောကြားလိုက်တာပါ။ [caption id="attachment_36486" align="alignright" width="300" caption="အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းနဲ့အဖွဲ့ ကယ်ဆယ်ရေးဂေဟာသို့ ထောက်ပံ့ငွေ သွားရောက်လှူဒါန်းခဲ့(ဓာတ်ပုံ- သမ္မတရုံးညွှန်မှူး ဦးဇော်ဋ္ဌေး)"][/caption] ကရင်မိန်းကလေးကို  သွားရောက်တွေ့ဆုံခဲ့တဲ့ ဦးနိုင်ထွန်းက ဒီအမှုပြီးဆုံးတဲ့အထိ ဆက်လက် လုပ်ဆောင်သွားဖို့ လိုအပ်တဲ့ အကြောင်း ခုလို ပြောပါတယ်။ “အမှုကတော့ မပြီးသေးဘူးပေါ့။ အဲဒီ လင်မယား ၂ ယောက် ထိုက်သင့်တဲ့ပြစ်ဒဏ်ကျတဲ့အထိ ကျနော်ကတော့ လိုက်ချင်တယ်။ အခုကတော့ သွေးပူနေတုန်းဆိုတော့ တနိုင်ငံလုံးက စိတ်ဝင်စားတယ်။ သွေးအေးသွားရင် ပြီးသွားနိုင်မယ်။ အဲတော့ သွေးမအေးအောင် တောက်လျှောက် နောက်ကနေ တောက်လျှောက် ထိတွေ့စုံစမ်းနေဖို့ သံအမတ်ကြီးကိုလည်း သတင်းပို့မယ်။ သူတို့ဘက်က တာဝန်ရှိတဲ့သူတွေနဲ့တွေ့တော့လည်း ကျနော်က ရှင်းပြတယ်လေ. အားကြီးတဲ့သူနဲ့ အားနည်းတဲ့သူဆို အားနည်းတဲ့သူက ခံရတယ်လို့ ပြောတော့ သူက မဟုတ်ပါဘူးတဲ့၊ ဒီအမှုက ၇ ချက်နဲ့ စွဲထားတာဖြစ်လို့ အင်မတန်မှ အမှုကကြီးပါတယ်တဲ့။ တစ်အချက်က သူက အသက် ၁၅ နှစ်အောက် ကလေးဖြစ်နေလို့၊ နောက် နိုင်ငံခြားသားဖြစ်နေလို့၊ နောက် မီဒီယာတွေလည်း အကုန်လုံးလည်းသိနေတော့ အမှုဟာကြီးတယ်။ တသက်တကျွန်းဖြစ်နိုင်တယ်တဲ့။ ကျနော်တို့က ပြောတာက နောက်ပိုင်းကျမှုဖြစ်ချင်သလိုဖြစ်တာတို့၊ မလိမ့်တပတ် ခံရတာများတော့ ကျနော်တို့က အဲဒါလန့်တယ်။” ထိုင်းအိမ်ရှင်လင်မယား ၂ ဦးကို   အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ်ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့ပြစ်မှု ၇ မှုနဲ့ ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးနဲ့  ကမ်ဖိုင်ဖစ် ရဲစခန်းတို့က စွဲချက်တင်ထားပါတယ်။ ကရင်မိန်းကလေး မအဲနဲ့ သူ့မိဘ ၂ ဦးတို့ဟာ ကမ်ဖိုင်ဖစ်မြို့ မိခင်ကလေးကျောင်းရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရှိနေပြီး ထိုင်းကြက်ခြေနီအဖွဲ့ အပါအ၀င် လူမှုရေး အဖွဲ့အသီးသီးက ၀ိုင်းဝန်းထောက်ပံ့ကူညီထားကြပါတယ်။ ဒီနေ့ထိ မြန်မာအစိုးရရဲ့ ကူညီထောက်ပံ့ငွေ ဘတ် ၂ သောင်းခွဲ အပါအ၀င် ဘတ် ၁ သိန်းလောက် အလှူငွေ ရရှိထားပြီးဖြစ်တယ်လို့လဲ ပြောပါတယ်။ မအဲကို ကရင်တိုင်းရင်းသားမိဘ ၂ ဦးက ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဗမာစကားမတတ်ဘူးလို့ ဆိုပါတယ်။ ထိုင်းအစိုးရက သူ့ကိုခွဲစိတ်ကုသပေးပြီးရင် ကျောင်းတက်ဖို့ စီစဉ်ပေးမယ်လို့ ပြောတဲ့အကြောင်းလဲ သိရပါတယ်။ ခန္ဓာကိုယ်တ၀က်လောက်  အပူလောင်တဲ့ ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် မအဲကို ကူညီသူတွေက ကမ်ဖိုင်ဖစ်မြို့ လူမှုကယ်ဆယ်ရေးကျောင်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့ကြတာ ဖြစ်ပါတယ်။

//
More News
Up