နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့အခမ်းအနား ဒုသမ္မတ ဦးမြင့်ဆွေ တက်ရောက်
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 4, 2020
ဒီနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး ဒုသမ္မတ ဦးမြင့်ဆွေ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာတော့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခဲ့ပါတယ်။
အခမ်းအနားကို ပျဉ်းမနား - တေင်ညို လမ်းမပေါ်မှာရှိတဲ့ မြို့တော်ခန်းမ ဝင်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံအကြီးအကဲတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားတွေကို ဒီနေ့မနက်ပိုင်းက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။