အိုးဘိုထောင်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေမည့်သူ ၆၅ ဦးရှိ
DVB
·
January 4, 2020
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား ၅၆ ဦးနဲ့ ကျောင်းသူ ၉ ဦးရှိတယ်လို့ သိရပါတယ်။
စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေကို အကျဉ်းထောင်ကနေ ကူညီပံ့ပိုးမှုတွေရှိနေတယ်လို့ မန္တလေးအိုးဘိုအကျဉ်းထောင် ထောင်ပိုင်ဦးချိုဝင်းထွန်းက ပြောပါတယ်။
အကျဉ်းထောင်အတွင်းမှာ စတုတ္ထတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ကျောင်းသူ ၁၁၂ ဦး ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က မန္တလေး အိုးဘိုအကျဉ်းထောင်မှာ စတုတ္ထတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ဝင်ရောက်ဖြေဆိုသူ ၁၃၅ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူ ၁၃၃၀၀၀ ကျော်ရှိတယ်လို့ မြန်မာနိင်ငံ စာစစ်ဦးစီးဌာနကနေ သိရပါတယ်။
နိုင်ငံတဝန်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ် ၁၁ ကနေ ၂၀ ရက်အထိ ကျင်းပမှာပါ။