ရေးမြို့တွင် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ၊ ပြည်သူထောင်ချီ တက်ရောက်
DVB
·
January 4, 2020
၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မွန်ပြည်နယ် ရေးမြို့ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ ဒီနေ့မနက် ကျင်းပခဲ့ပြီး အင်အား ထောင်ချီ ပါဝင်ခဲ့ကြပါတယ်။
နိုင်ငံတော်အလံနဲ့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ နိုင်ငံရေးပါတီဝင်တွေ၊ လူမှုရေးအသင်းဖွဲ့ဝင်တွေ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေနဲ့ အင်အား ၁၅၀၀ လောက် တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံက ပေးပို့လာတဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာလည်း တိုင်းရင်းသားတွေ ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်သွားကြဖို့ ငြိမ်းချမ်းရေး ပန်းတိုင်ခရီးကို အောင်မြင်စွာ ဖော်ဆောင်နေကြောင်း ရေးသားထားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဖတ်ကြားခဲ့ပါတယ်။
နေမျိုးထွဋ်