ကညွတ်ကွင်းမြို့ လွတ်လပ်ရေးနေ့အလံတင်အခမ်းအနား လူ ၃၀၀ ခန့် တက်ရောက်
DVB
·
January 4, 2020
ပဲခူးတိုင်း ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မှာ ဒီကနေ့ကျရောက်တဲ့ ၇၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို မနက် ၄ နာရီက ကျင်းပရာခဲ့ပြီး လူဦးရေ ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
အရင်က သုံးလေးဆယ်လောက်ပဲ တက်ရောက်ရာမှာ ဒီနှစ်မှာ အယောက် ၃၀၀ လောက်ထိ တက်ရောက်ခဲ့ကြပြီး စိတ်ပါဝင်စားသူ ပိုများလာတယ်လို့ ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။
ဒီကနေ့ အခမ်းအနားကို အများပြည်သူတွေ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ရဲ၊ မီးသတ် ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေလည်း တက်ရောက်အလေးပြုခဲ့ကြပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)