လူအများအပြား ခိုလှုံခွင့်ပေးမည့်အစီအစဉ် ဆက်လုပ်မည်ဟု မက္ကဆီကိုသမ္မတပြော

Reuters
853
ဘိုလီးဗီးယားနိုင်ငံက မက္ကဆီကိုသံရုံးမှာ လူအများအပြား ခိုလှုံခွင့်ပေးမယ့် ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်သွားမယ်လို့ မက္ကဆီကိုသမ္မတ လိုပက်ဇ်-အော်ဘရေဒိုက ဇန်နဝါရီ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
အဲဒီလို ခိုလှုံခွင့်ပေးတာနဲ့ပတ်သက်လို့ လက်ရှိ ဘိုလီးဗီးယားအစိုးရနဲ့မက္ကဆီကိုအစိုးရတို့ကြား အငြင်းပွားနေကြတာပါ။
အဲဒီလို ခိုလှုံခွင့်ပေးတာက မူကိစ္စဖြစ်တယ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အော်ဘရေဒိုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
တကယ်လို့ အဲဒီလူတွေကို ဘိုလီးဗီးယားအစိုးရဆီ လွှဲပေးမယ်ဆိုရင် မက္ကဆီကိုအစိုးရက အထူးအခွင့်အရေးလို့ သဘောထားတဲ့အရာကို စွန့်ပယ်ရာရောက်မယ်လို့ သမ္မတ အော်ဘရေဒို က ပြောခဲ့ပါတယ်။
မက္ကဆီကိုအစိုးရဟာ ဘိုလီးဗီးယားသံအမတ်ကြီးကို မနှင်ထုတ်သလို သမ္မတ အော်ဘရေဒို ကလည်း ရန်စမှုတွေကို တုံ့ပြန်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
လက်ဝဲဝါဒီမက္ကဆီကိုခေါင်းဆောင် အော်ဘရေဒိုနဲ့ ကွန်ဆာဗေးတစ် ဘိုလီးဗီးယားအစိုးရ တို့ ကြား လက်ရှိအချိန်မှာ ဆက်ဆံရေး ဆိုးရွားနေပါတယ်။