တိုင်ကြားစာ ၃၀၀၀ ကျော်အနက် ၈၄ စောင်ပဲ ပြန်ကြားနိုင်
DVB
·
February 15, 2013
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ပြည်သူတွေက ပေးပို့လာတဲ့ တိုင်ကြားစာ ၃၀၀၀ ကျော်အနက် ၈၄ စောင်ကိုပဲ ကာယကံတွေဆီ အကြောင်းပြန်ကြားနိုင်သေးတယ်လို့ အတွင်းရေးမှူး ဦးစစ်မြိုင်က ဒီဗွီဘီကို ပြောပါတယ်။
ကော်မရှင်ဟာ တာဝန်စတင် ထမ်းဆောင်ချိန်ကစပြီး ရောက်ရှိလာတဲ့ တိုင်စာတွေကို ၀န်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာန အသီးသီးကို တဆင့် ထပ်မံပေးပို့ခဲ့ကြောင်း၊ အဲဒီအထဲက သူတို့ ဘယ်လိုအရေးယူ ဆောင်ရွက်ပြီးကြောင်း ပြန်လည် အကြောင်းကြားလာတဲ့ ပြန်ကြားစာ ၈၄ စောင်ပဲ လက်ခံ ရရှိတယ်လို့ ဆိုပါတယ်။
အခြား တရားရုံးက ဆုံးဖြတ်ထားပြီးသားအမှုများ၊ သမ္မတနဲ့ လွှတ်တော်ထံတိုင်ကြားစာများ၊ မိသားစု အမွေဆိုင်ကိစ္စလို ပုဂ္ဂလိက ပြဿနာဆိုင်ရာ စာတွေကိုတော့ ဘယ်ကိုမှ မပို့ဘဲ မှတ်တမ်းအနေနဲ့ပဲ ထားရှိတယ်လို့ သူက ရှင်းပြပါတယ်။