A d v e r t i s e m e n t With Us

တိုင်းရင်းသားတွေအားလုံး ပါဝင်နိုင်သည့် တပ်မတော်ဖြစ်ရန် ရည်မှန်းချက် ရှိသင့်

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်း ဥပဒေကြမ်းထဲမှာ တိုင်းရင်းသားတွေအားလုံး ပါဝင်နိုင်တဲ့ တပ်မတော်ဖြစ်အောင် ဘယ်လိုဖွဲ့စည်းမလဲ ဆိုတဲ့ တိကျတဲ့ ရည်မှန်းချက်မျိုး ထည့်သွင်းရေးဆွဲသင့်ကြောင်း အန်အယ်လ်ဒီ အမတ် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ “၂၀၁၃-၁၄ အမျိုးသားစီမံကိန်းဥပဒေကြမ်း” ကို ဆွေးနွေးစဉ် သူက ခုလို ပြောဆိုသွားတာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ကာကွယ်ရေးမှာ ပြည်သူတွေအားလုံးပါဝင်လာနိုင်အောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ မူဝါဒမျိုးလည်း ထည့်သွင်းသင့်တယ်လို့ သူက တင်ပြပါတယ်။ လက်ရှိ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ၂၀၁၃-၁၄ အမျိုးသားစီမံကိန်း ဥပဒေကြမ်းမှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ဖော်ပြထားတာ အလွန် နည်းလွန်းတဲ့အတွက် ဆွေးနွေးမယ့်သူတောင် မရှိဘူးလို့ အင်ဂျန်းယန် အမတ် ဒေါ်ဒွဲဘူကလည်း ထောက်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up