A d v e r t i s e m e n t With Us

တစည ပါတီ ဖက်ဒရယ်မူကို လက်မခံ

ဖက်ဒရယ်မူကို သမိုင်းကြောင်းအရရော International Law အရပါ တောင်းခွင့်မရှိကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက ဒီကနေ့ ထုတ်ဝေတဲ့ မြန်မာသံတော်ဆင့် ဂျာနယ်နဲ့ တွေ့ဆုံခန်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။ ဖက်ဒရယ်တောင်းဆိုနေသူများကိုလည်း နိုင်ငံပြိုကွဲသွားတာ မြင်ချင်သလား ဆိုပြီး သူက မေးခွန်းထုတ်လိုက်ပါတယ်။ ဦးခင်မောင်ကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစောသန်းမြင့်ကတော့ တစည ပါတီဟာ အရင်အာဏာရှင် ဦးနေ၀င်း တည်ထောင်ထားတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ဆက်ခံတဲ့ ပါတီဖြစ်ကြောင်း၊ ဦးနေ၀င်းကိုယ်တိုင် တိုင်းရင်းသားတွေ ဖက်ဒရယ်မူတောင်းဆိုတာကို တိုင်းပြည်ပြိုကွဲတော့မယ်ဆိုပြီး အကြောင်းပြ အာဏာသိမ်းခဲ့သူ ဖြစ်ကြောင်း၊ ဒါကြောင့် အာဏာရှင်ဦးနေ၀င်း မှိုင်းမိထားတဲ့ ပါတီတခုက ဒီလိုပြောဆိုတာ မဆန်းကြောင်း ဝေဖန်ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up