ညောင်တုန်းတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် လူဦးရေ ၃၀ ခန့် ရွှေ့ပြောင်းရ
DVB
·
January 2, 2020
ညောင်တုန်းမြို့နယ်မှာ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် နေအိမ်အချို့က လူ ၃၀ လောက် ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ကျောင်းစုကျေးရွာ မြစ်ကမ်းပါး အနီး နေထိုင်တဲ့ နေအိမ် ၉ လုံးက အိမ်ထောင်စု ၉ စု၊ လူဦးရေ ၂၉ ဦး (အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၃ ဦး) တို့မှာ ကျေးရွာအတွင်းရှိ ဆွေမျိုးတွေ နေအိမ်တွေမှာ ရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။