ဇန်နဝါရီအပြောင်းအရွှေ့ ၌ အသင်းမှ ချာကာမထွက်ဟု အာဆင်နယ်နည်းပြ အတည်ပြု

ကွင်းလယ်လူ ချာကာ အသင်းကနေ ထွက်မှာမဟုတ်ဘူးလို့ အာဆင်နယ်နည်းပြ အာတီတာ က အတည်ပြုလိုက်ပါတယ်။ အာဆင်နယ်ကွင်းလယ်ကစားသမား ဂရာနစ်ချာကာဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်အသင်းဆီကို ပြောင်းရွှေ့တော့မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာပါ။  အကြိုသဘောတူညီမူ ရရှိခဲ့ပြီဆိုတဲ့ အခြေအနေအထိ ဂျာမန်သတင်းစာတွေက ရေးသား ခဲ့ကြတာဖြစ်ပေမယ့်နည်းပြ အာတီတာကတော့ အခုဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာမှာ မဟုတ်ကြောင်း ပြောကြားခဲ့တာပါ။ အာတီတာက ချာကာအသင်းမှာဆက်နေမယ်လို့ထင်ပြီး သူ့ရဲ့ကစားပုံကိုလည်း အရမ်း သဘောကျကြောင်း၊ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကိုသာ ထုတ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် အလွန်ကြီးမားတဲ့ ကစားသမားဖြစ်လာနိုင်ကြောင်း နည်းပြ အာတီတာကပြောပါတယ်။  ချာကာဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကတည်းက အသင်းပရိသတ်တွေနဲ့ ပြဿနာဖြစ်ပွား ခဲ့တာကြောင့် အသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up