ထား၀ယ်တွင် နေအိမ်တလုံး မီးလောင်မှုဖြစ်ပွား
DVB
·
January 2, 2020
တနင်္သာရီတိုင်း၊ ထား၀ယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ ခရေလမ်းရှိ နေအိမ်တလုံးမှာ ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ ခြင်ဆေးခွေ အောက်ခံခွက်မပါရှိဘဲ မီးထွန်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နေအိမ်မီးလောင်မှုဖြစ်ပွားရာမှ (၃၂×၁၆) ပေ၊ အုတ်ခံ၊ ပျဉ်းခင်း၊ ကော်ပို့ဇစ်အကာ၊ သွပ်မိုး ၂ ထပ်အိမ် အပေါ်ထပ် မီးလောင်ခဲ့ပါတယ်။
မီးငြိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အထောက်အကူပြုယာဉ် ၂ စီး၊ ဇမ္ဗူသီရိမှ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ ထော်လော်ဂျီရေသယ်ယာဉ်နဲ့ သန္ဓေမီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၀င်၊ ဒေသခံပြည်သူများ ဝိုင်း၀န်းမီးငြိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါမီးလောင်နေအိမ်၏ ဆုံးရှုံးမှုတန်ဖိုးမှာ ၆၄၀၀၀၀ ကျပ်လောက် ဖြစ်တယ်လို့ သိရပါတယ်။
နေအိမ်ပိုင်ရှင်ဒေါ်စန်းကြည်အား ထား၀ယ်မြို့မရဲစခန်းမှ (ပ)၃၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅အရ အမှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-တင့်လွင်