A d v e r t i s e m e n t With Us

ရသေ့တောင်မြို့နယ်က စစ်ဘေးဒုက္ခသည် ရွာသား ၄၀၀ ကျော် စစ်တွေမြို့သို့ ခိုလှုံရောက်ရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ရွာသား ၄၀၀ ကျော် ဒီဇင်ဘာ ၂၈ ရက်က စစ်တွေမြို့ ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ ဒီဇင်ဘာ ၂၇ ရက်က အငူမော်ကျေးရွာအနီးမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့လို့ ရွာသားတွေဟာ ကျေးရွာတွေမှာ ဆက်မနေရဲတော့ဘဲ  စစ်တွေမြို့ပေါ်ကို ထွက်ပြေးလာတာ ဖြစ်ပါတယ်။ ထွက်ပြေးလာသူတွေက အငူမော်ကျေးရွာ၊ ကုန်တန်းကျေးရွာ၊ ပေါက်တောပြင်ကျေးရွာ၊ မကျည်းချောင်းကျေးရွာ၊ ကျောက်တန်းကျေးရွာနဲ့ သာစေကုန်းကျေးရွာတို့မှ ရွာသားများဖြစ်ပြီ လက်ရှိ စစ်တွေမြို့ပေါ်ရှိ ဓမ္မရာမဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြကာ စားဝတ်နေရေးအခက်အခဲဖြစ်နေကြပါတယ်။ Photo - Ni Min Tun / MPA

A d v e r t i s e m e n t With Us

More News
Up