ကားဈေးနှုန်း အိမ်နီးချင်းနိုင်ငံများကဲ့သို့ ဖြစ်အောင် ရည်မှန်းချက်ထားသင့်
DVB
·
February 14, 2013
မြန်မာနိုင်ငံက မော်တော်ကားတွေနဲ့ ဆိုင်ကယ် ဈေးနှုန်းတွေဟာ အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေက ဈေးနှုန်းတွေလောက် ဖြစ်အောင် စီမံကိန်းထဲမှာ ရေးဆွဲ အကောင်အထည်ဖော်သင့်တယ်လို့ မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်မိမြင့်သန်းက ပြောပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ “၂၀၁၃-၁၄ အမျိုးသားစီမံကိန်းဥပဒေကြမ်း” ကို ဆွေးနွေးစဉ် သူက ခုလို ပြောဆိုသွားတာဖြစ်ပါတယ်။
ဒီလို တင်ပြရတာဟာ အစိုးရက အကောင်အထည်ဖော်နေတဲ့ ဆင်းရဲမွဲတေမှု လျော့ချရေး လက်တွေ့အကောင်အထည် ပေါ်လာအောင် ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ ဒါ့အပြင် လိုင်စင်မဲ့ကားတွေ ဆိုင်ကယ်တွေကိုလည်း သက်သာတဲ့ နှုန်းထားနဲ့ လိုင်စင်လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။