သမ္မတနှင့် တွေ့ရင် တောင်သူအရေး အချက် ၁၂ ချက်တင်ပြမည်
တောင်သူလယ်သမားဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံတဲ့အခါ အချက် ၁၂ ချက်လောက် တင်ပြဖို့ အကြမ်းဖျင်း ဆွေးနွေးလျာထားပြီး ဖြစ်တယ်လို့ တောင်သူလယ်သမားအသင်း တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
အဓိကအားဖြင့် တောင်သူတွေ အကြွေးနွံနစ်နေရတာ၊ စိုက်ပျိုးစရိတ်ကြီးမြင့်တာ၊ ကောင်းမွန်တဲ့မျိုးစေ့မရတာ၊ ဆည်ရေသောက်လယ်တွေ ရေမရတာ စတဲ့အချက်တွေ ပါဝင်တယ်လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်သူလယ်သမားဆိုင်ရာ အသင်းအဖွဲ့တွေ၊ ဆန်လုပ်ငန်းအသင်းအဖွဲ့တွေ တွေ့ဆုံခဲ့ကြပြီး သမ္မတနဲ့ တွေ့ရင် တင်ပြမယ့် အချက်တွေကို ခုလို ဆွေးနွေးစုစည်းခဲ့တာ ဖြစ်ပါတယ်။