ကျော်ထက်အောင်၊ မယ်လိုဒီ၊ မအေးသောင်းတို့ ပါဝင်သည့် အဆိပ်ရုပ်ရှင်ရိုက်ကူးမည်(ဓာတ်ပုံ)
DVB
·
January 1, 2020
လူငယ်သရုပ်ဆောင်မင်းသား ကျော်ထက်အောင်နဲ့ သရုပ်ဆောင်မင်းသမီးတွေ ဖြစ် ကြတဲ့ မယ်လိုဒီ၊ အေးဝတ်ရည်သောင်းတို့ ပါဝင်ကြမယ့် အဆိပ်ရုပ်ရှင်ကားရဲ့ ကန်တော့ပွဲ ပေးတဲ့ အခမ်းအနားကို မနေ့က မနက်ပိုင်းက ရွှေတိဂုံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါ တယ်။
ဒီဝတ္ထုကတော့ နာမည်ကြီး အမျိုးသမီးစာရေးဆရာမ လွန်းထားထားရဲ့ ဝတ္ထုကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ အကယ်ဒမီမင်းဦးက ရိုက်ကူးပုံဖော်သွား မှာ ဖြစ်ပါတယ်။
အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေး စီစဉ်တဲ့ ဒီရုပ်ရှင်ကားထဲမှာ တခြားသရုပ် ဆောင်တွေအနေနဲ့ ကျော်ထက်ဇော်၊ နန်းဆုဦး၊ မျိုးသန္တာထွန်းတို့နဲ့အတူ တခြားသရုပ် ဆောင်တွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။