အငြိမ်းစား ဗိုလ်ချုပ်တင်စိုးကို ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ခန့်အပ်
DVB
·
February 14, 2013
ဒီကနေ့ ကျင်းပတဲ့ ဧရာဝတီတိုင်း လွှတ်တော် အထူးအစည်းအဝေးကနေ လစ်လပ်သွားတဲ့ လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် လူမှုရေးဝန်ကြီး အငြိမ်းစားဗိုလ်ချုပ် ဦးတင်စိုးကို ရွေးချယ်တာဝန်ပေးလိုက်ကြောင်း အန်အယ်လ်ဒီ အမတ် ဒေါက်တာလှမြတ်သွေးက ဒီဗွီဘီကို ပြောပါတယ်။
လစ်လပ်သွားတဲ့ တိုင်းအစိုးရအဖွဲ့လူမှုရေးဝန်ကြီး နေရာအတွက် ကန်ကြီးဒေါင့်အမတ် ဒေါ်ခင်စောမူကို ခန့်အပ်လိုက်ကြောင်းလည်း သူက ရှင်းပြပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အထူးအစည်းအဝေးပွဲမှာ လစ်လပ်သွားတဲ့ လွှတ်တော်ဥက္ကဋ္ဌ နေရာရွေးချယ်တာကလွဲပြီး အခြား ဆွေးနွေးတဲ့ အစီအစဉ် မပါဝင်ဘူးလို့ ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။