မန္တလေးမြို့တော်ခန်းမရှေ့တွင် ၂၀၂၀ နှစ်သစ် Countdown ပြုလုပ်မည်
DVB
·
December 31, 2019
၂၀၂၀ နှစ်သစ်ကူးပွဲကို ဒီနေ့ည မန္တလေးမြို့တော်ခန်းမရှေ့မှာ စီစဉ်ထားပြီး လာရောက်ကြဖို့ မြို့တော်ဝန် ဒေါက်တာရဲလွင်က ဖိတ်ခေါ်ထားပါတယ်။
ရုတ်တရက်စီစဉ်လိုက်တာဖြစ်ပြီး မန္တလေးမြို့တော်ခန်းမ (မြို့တော်စည်ပင်ရုံး) မျက်နှာစာမှာ အခုည ၉ နာရီမှာ စတင်မယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ကြေညာထားပါတယ်။
အဆိုတော်တွေလည်း ပါမှာဖြစ်ပြီး “Countdown ကိုပြည်သူတွေနဲ့အတူ အားရပါးရအော်ရင်း နှစ်သစ်ကိုကြိုဆိုလိုက်ကြရအောင်’ လို့ မြို့တော်ဝန်က ပြည်သူတွေကို ဖိတ်ခေါ် ထားပါတယ်။