ရီးရဲလ်အသင်းက အငှားချထားသည့် ဂျီးဆပ်စ်ဗယ်လီဂျိုကို ပြန်ခေါ်မည်
စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းဟာ ဝုဗ်အသင်းဆီအငှားချထားတဲ့ နောက်ခံလူ ဂျီးဆပ်စ် ဗယ်လီဂျိုကို အသင်းထံပြန်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။
ဂျီးဆပ်စ်ဗယ်လီဂျိုဟာ အသက် ၂၂ နှစ်အရွယ်သာရှိသေးပြီး အခုရာသီအစမှာ ဝုဗ်အသင်းနဲ့အတူ ၇ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားတာကြောင့် သူ့အနေနဲ့ ကစားရတဲ့ အချိန်ပိုများလာစေဖို့အသင်းက ပြန်ခေါ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
နည်းပြနူနိုဆန်တိုက ဗယ်လီဂျိုနေရာမှာ မက်စ်ကေးလ်မန်းကိုပဲ အသုံးပြုနေလို့ ရီးရဲလ်ဘက်က သူ့ရဲ့ ကစားသမားကို အမြန်ပြန်လည်ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။
ဗယ်လီဂျိုကိုသာ ရီးရဲလ်မက်ဒရစ်အသင်းက ပြန်လည်ခေါ်ယူဖြစ်မယ်ဆိုရင်တော့ ကစားသမားအနေနဲ့ သူကစားလိုတဲ့စပိန်မြေ ဒါမှမဟုတ် ဂျာမနီ မြေမှာမြင်တွေ့ရဖို့ရှိနေတာပါ။
ဗယ်လီဂျိုဟာ၂၀၁၆-၂၀၁၇ဘောလုံးရာသီက ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့လို့ နာမည်ကျော်ကြားလာတဲ့ လူငယ်ဗဟိုခံစစ်မှူး လည်းဖြစ်ပါတယ်။