သထုံ ရွှေစာရံဘုရား မြို့လုံးကျွတ် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပ
DVB
·
December 30, 2019
မွန်ပြည်နယ်၊ သထုံမြို့က သမိုင်းဝင် ရွှေစာရံဘုရားမှာ ဒီဇင်ဘာ ၂၉ ရက်က ကျင်းပတဲ့ မြို့လုံးကျွတ်နိဗ္ဗာန်ဈေးပွဲမှာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောပါတယ်။
မနေ့မနက်ပိုင်းမှာလည်း သံဃာတော်အပါး ၁၅၀ နဲ့ သီလရှင်အပါး ၃၀ တို့ကို ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ပါတယ်။
ဒီဈေးပွဲတော်ဟာ ၇ ကြိမ်မြောက်လုပ်တာဖြစ်ပြီး ဒေသခံတွေ၊ ရပ်ဝေးရပ်နီးက လာရောက်တဲ့ ဘုရားဖူး ပြည်သူတွေနဲ့ တိုးလို့မပေါက်အောင် စည်ကားခဲ့ပါတယ်။
ယူမင်းစိုး