Homeမြန်မာသတင်း
နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲ သမ္မတနှင့်အတိုင်ပင်ခံ တက်ရောက်
နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲ သမ္မတနှင့်အတိုင်ပင်ခံ တက်ရောက်
DVB
·
December 29, 2019
ခရစ္စမတ်အခါသမယနဲ့ နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲကို ဒီနေ့မွန်းတည့် ၁၂ နာရီက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နေအိမ်မှာကျင်းပခဲ့ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြပါတယ်။
နေ့လယ်စာစားပွဲမှာ နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာ တော်ရ ဆရာတော် ဒေါက်တာတင်မောင်အေးက ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းပြီး နိုင်ငံနဲ့ နိုင်ငံအကြီးအကဲတွေ၊ နိုင်ငံသူ နိုင်ငံသားတွေအတွက် ဘုရားသခင် ကောင်းချီးမင်္ဂလာရရှိစေဖို့ အထူးဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။
နေ့လယ်စာစားပွဲကို သမ္မတဦးဝင်းမြင့်နဲ့ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်းဦးထင်ကျော်နဲ့ဇနီး၊ ဒုသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့ဇနီး၊ ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။