Home
မြန်မာသတင်း
တက္ကသိုလ်ကျောင်းသား ၂၀၀ ကျော်ကို ရွှေပါရမီဖောင်ဒေးရှင်းက ပညာသင်ဆုပေးအပ်
DVB
·
February 13, 2013
ပညာထူးချွန်ပြီး တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူးဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသားဦးရေ ၂၀၇ ဦးကို ရွှေပါရမီဖောင်ဒေးရှင်းက ပညာသင်ဆုချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် တက္ကသိုလ်ပညာသင်နှစ်အတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းက ပညာသင်ဆုကို အခမ်းအနား ပြုလုပ်ပေးအပ်ခဲ့တာပါ။ ဒီအခမ်းအနားမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက ရွေးချယ်ထားတဲ့ ကျောင်းသား ၂၀၇ ဦးအနက် ရန်ကုန်တိုင်းက ကျောင်းသား ၆၀ ကျော်ကို ပညာသင်ဆု ပေးအပ်ခဲ့ပါတယ်။ တက္ကသိုလ်ပညာ သင်ယူဖို့ အခက်အခဲရှိတဲ့ ထူးချွန်တဲ့ ကျောင်းသားတွေကို တတ်နိုင် သလောက် ကူညီထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီး ရွှေပါရမီပညာရေးဖောင်ဒေးရှင်းကို ဆရာတော် အရှင်ဆန္ဒဓိကရဲ့ လမ်းညွှန်မှုနဲ့ အလှူရှင်တွေ ပူးပေါင်းပြီး၂၀၁၃ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက “လူတဦးချင်းစီရဲ့ ဘ၀ တိုးတက်ဖို့အတွက်ရော၊ နိုင်ငံတခုလုံးရဲ့အဆင့်အတန်းမြင့်မားဖို့အတွက်ရော ပညာရေးဟာ အရေးကြီးဆုံးဖြစ်လို့ ပညာရေးအလှူရှင်တွေအားလုံးဟာ လူသားတဦးချင်း တဦးချင်းတွေရဲ့ ဘ၀တိုးတက်အောင်လုပ်ပေးရာရောက်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရာလည်း ရောက်တယ်။ လူသားတိုင်း လူသားတိုင်းရော၊ တိုင်းပြည်တခုလုံးရော စိတ်ဓာတ်အမှောင်တွေကင်းရှင်းအောင်၊ ဆိုးကျိုးအမှောင်တွေကင်းရှင်းအောင် မြင့်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ လင်းလက်တောက်ပနေအောင်၊ ပြည့်စုံတဲ့ ဘ၀တွေနဲ့ ကောင်းကျိုးတွေ တောက်ပတင့်တယ်နေအောင် လုပ်ဆောင်လိုက်ရာရောက်တယ် ဆိုပြီး ၀မ်းမြောက်ဝမ်းသာဖြစ်ကြရုံပါပဲ။” ရွှေပါရမီဖောင်ဒေးရှင်းကနေ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်နဲ့ မန္တလေးက  နည်းပညာတက္ကသိုလ်၊ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်နဲ့ ကောလိပ်တွေကို တက်ရောက် ဆည်းပူးမယ့် ကျောင်းသူ ကျောင်းသားတွေကို ၁ နှစ် အယောက် ၂၀၀ ၀န်းကျင်လောက် ရွေးချယ် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွက် ပညာသင်ဆု အခမ်းအနားကို အနုပညာရှင်တွေလည်း တက်ရောက် ကူညီခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024