Home
မြန်မာသတင်း
လက်ပန်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်ပွဲ ထပ်မံဖြစ်ပွား
DVB
·
February 13, 2013
လက်ပန်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် အထွေထွေ သပိတ်စခန်း အခြေချရာ တုံရွာကနေ ညောင်ပင်ကြီးဆိပ်ကမ်းထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေး အတွက် တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင်၊ လယ်တီနဲ့ ရွှေလှေစတဲ့ ကျေးရွာတွေက တောင်သူလယ်သမားတွေဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ချီတက် ဆန္ဒထုတ်ဖော်နေကြတာပါ။ ဒေသခံတဦးက “လမ်းလျှောက် ဆန္ဒပြနေရတဲ့ ရည်ရွယ်ချက်ကတော့ လက်ပန်းတောင်းတောင် လုံးဝဖျက်သိမ်းရေးအတွက် ဆန္ဒပြလမ်းလျှောက် ချီတက်ရခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ တောင်သူတွေအနေနဲ့ ထွက်လာမယ့် လက်ပန်းတောင်းတောင်စီမံကိန်း စုံစမ်းစစ်ရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ဘယ်လိုလာဦးမလဲဆိုတာ မသိရသေးသလို သူတို့တွေအနေနဲ့ သူများကို အားကိုးတာထက် ဒေသခံတောင်သူတွေ စည်းစည်းလုံးလုံးရှိဖို့ လိုတယ်လို့ ပြောပါတယ်။ “စုံစမ်းစစ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာက ဘယ်လိုလာမလဲ မသိဘူး။ ဆိုးမလား၊ ကောင်းမလားတော့ မသိဘူး။ ကျနော်တို့ကတော့ ပြောရရင် သူများကကိုယ့်အကျိုးကို လုပ်ပေးတာထက် ဒေသခံတွေ စည်းစည်းလုံးလုံးနဲ့ လက်ပန်းတောင်းတောင် လုံးဝဖျက်သိမ်းရအောင် ဒေသခံ ၂၆ ရွာရှိ ပြည်သူတွေအားလုံးက ဆန္ဒရှိတယ်ဆိုတဲ့ သဘောထားလေးကို ထင်ထင်ရှားရှား ပြဖို့ လမ်းလျှောက်ချီတက်ကြတာပါ။” လက်ပန်းတောင်းတောင် စီမံကိန်းဖျက်သိမ်းရေးကို ၅ လ ကျော်သွားပြီဖြစ်ပေမယ့် ပွင့်လင်းမြင်သာတဲ့ အနေအထားတွေ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။ လက်ပန်းတောင်းတောင် စီမံကိန်းကို လုံးဝဖျက်သိမ်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပြီး တုံရွာမှာ သပိတ်စခန်း ဖွင့်ထားတာ ၂ လ ရှိခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024