ကမ္ဘာ့ကလပ်ချန်ပီယံဆုဖလားကို စာရင်းမသွင်းဟု ပေါလ်စခိုးပြော

လီဗာပူးရယူခဲ့တဲ့ ကမ္ဘာ့ကလပ်ချန်ပီယံဆုက စာရင်းထဲထည့်တွက်လို့မရတဲ့ ဆုဖလား ဖြစ်တယ်လို့ ယူနိုက်တက်ဂန္ထဝင်ကစားသမား ပေါလ်စခိုးက ပြောပါတယ်။ လီဗာပူးအသင်းဟာ ကာတာနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ  ဗိုလ်လုပွဲမှာ ဘရာဇီးကလပ်ဖလာမင်ဂိုအသင်းကို အကြိတ်အနယ်ကစားပြီး ဖေမီနိုရဲ့အနိုင်ဂိုးနဲ့ အနိုင်ယူဗိုလ်စွဲခဲ့တာပါ။  ကမ္ဘာ့ကလပ်ချန်ပီယံဆုဖလားက တကြိမ်လောက်ဖြစ်ဖြစ်ရယူချင်ကြတဲ့ ဆုဖလားဆိုတာ မှန်ပေမယ့်လည်း ကျနော်ကစားသမားဘဝမှာ ဆုဖလားဘယ်လောက်ရခဲ့သလဲလို့မေးလာရင် အဲဒီဆုဖလားကို ထည့်သွင်းပြောဆိုမှာမဟုတ်ဘူးလို့  ပေါလ်စခိုးက ဆိုပါတယ်။ ပေါလ်စခိုးဟာ မန်ယူနိုက်တက်အသင်းနဲ့အတူ ၂၀၀၈ခုနှစ် ကမ္ဘာ့ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲမှာ တကြိမ် ချန်ပီယံဆုဖလား ရယူခဲ့ဖူးပါတယ်။  ဆက်လက်ပြီး မိမိရဲ့ကြက်တောင်ပြိုင်ပွဲမှာရခဲ့တဲ့ ဆုဖလားက ကမ္ဘာ့ကလပ်ချန်ပီယံဆုဖလား ထက်ပိုပြီး အရေးကြီးတယ်လို့ ပေါလ်စခိုးက ဝေဖန်သွားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up