Friday, June 9, 2023
Homeသတင်းဓာတ်ပုံစာအုပ္တိုက္ ၂၀ ကျော်ပါဝင်သည့် စာအုပ်အရောင်းပွဲတော်

စာအုပ်တိုက် ၂၀ ကျော်ပါဝင်သည့် စာအုပ်အရောင်းပွဲတော်

စာအုပ်တိုက် ၂၀ ကျော်ပါဝင်တဲ့ စာအုပ်အရောင်းပွဲတော်ကို မန္တလေးမြို့ ၈၄ လမ်းနဲ့ ၃၁ လမ်းထောင့်က ဓမ္မသာလာခန်းမမှာ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့က စပြီး ပြသနေပါတယ်။

စာအုပ်အရောင်းပွဲတော်မှာ ရာပြည့်၊ စိတ်ကူးချိုချို၊ ဇွန်ပွင့်၊ ပညာရှင်၊ ယဉ်မျိုး၊ Synergy၊ ပါရမီ၊ သုဝဏသျှန်၊ အလင်္ကာဝတ်ရည်၊ စိန်မိုးလျှံ၊ ပင်ဝါးရုံ၊ သီပါရတနာ၊ စာနဒီ၊ လင်းလွန်းခင်၊ ပြုံး၊ နေရီရီ၊ ရန်အောင်၊ Unity၊ ဩကာသ၊ ခေတ်ပြတိုက်၊ ကံ့ကော်ဝတ်ရည်၊ မျိုးဆက်သစ်၊ ဥတ္တရလမင်းနဲ့ အလင်္ကာ စတဲ့ စာအုပ်တိုက်ပေါင်း ၂၀ ကျော်က ထုတ်ဝေတဲ့ စာအုပ်တွေကို အနည်းဆုံး ၁၀  ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ ၃ အုပ် ၁ ထောင်၊ ကြိုက်တာယူ ၅၀၀ ကျပ်၊ ၅၀ ရာခိုင်နှုန်းထိ လျှော့ဈေးဆိုပြီး အပြိုင်အဆိုင် လျှော့ပေးနေတဲ့ဆိုင်တွေလည်း ပါဝင်ပါတယ်။

တန်ဖိုးရှိတဲ့ စာအုပ်အဟောင်းတွေကိုလည်း ရရှိနိုင်သလို ပေါ့ပေါ့ပါးပါး အပျော်ဖတ် စာအုပ်လေးတွေကိုလည်း ၀ယ်ယူရရှိနိုင်တာက ဒီစာအုပ်အရောင်းပွဲတော်ရဲ့ ထူးခြားချက် တခုပါပဲ။

စာအုပ်အရောင်းပွဲတော်ကို ရာပြည့်မန္တလေး(စာအုပ်ဆိုင်)ရဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်ထိ ဖွင့်လှစ်ရောင်းချပေးမှာ ဖြစ်ပါတယ်။

(သတင်းဓာတ်ပုံ – ချစ်ကို၊ ငြိမ်းမိုးနောင်) Read more

RELATED ARTICLES
- Advertisment -
Google search engine

Most Popular