A d v e r t i s e m e n t With Us

သတင်းလွတ်လပ်ခွင့် မစ္စတာ ကင်တားနား လေ့လာ

မစ္စတာ ကင်တား​နား​ သတင်း​စာရှင်း​ပွဲ ြပုလုပ်​ေနစဉ်
ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံကိုယ်စားလှယ် မစ္စတာ သောမတ်ကိုဟေး ကင်တားနားဟာ မနေ့က မြန်မာစာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံပြီး သတင်းလွတ်လပ်ခွင့် ကိစ္စ စုံစမ်းမေးမြန်းခဲ့ကြောင်း မြန်မာ့ဓန မဂ္ဂဇင်းအယ်ဒီတာချုပ် ဦးသီဟစောက ဒီဗွီဘီကို ပြောပါတယ်။ သူအပါအ၀င် ရန်ကုန်တိုင်းမ် အမှုဆောင်အရာရှိချုပ် ဦးကိုကို(စက်မှု)၊ မဇ္ဈိမ သတင်းဌာနမှ ဦးစိန်ဝင်း၊ ဗွီအိုအေ သတင်းဌာနမှ ဒေါ်ခင်စိုးဝင်းတို့နဲ့ တွေ့ဆုံရာမှာ မစ္စတာ ကင်တားနားက သတင်းလွတ်လပ်ခွင့်ကိစ္စ မေးမြန်းခဲ့ပြီး စာနယ်ဇင်းသမားတွေဘက်က မီဒီယာဥပဒေ ပထမမူကြမ်းပဲ ရေးဆွဲရသေးကြောင်း၊ ၁၉၆၂ ပုံနှိပ်ဥပဒေ ရှိနေသေးတဲ့အတွက် အန္တရာယ်ရှိနေသေးကြောင်း၊ ဆက်သွယ်ရေးဥပဒေကိုလည်း မဖျက်သိမ်းရသေးကြောင်း၊ အစိုးရ ဌာနတွေဆီ သတင်းရယူရာမှာ အခက်အခဲတွေရှိနေသေးကြောင်း စတာတွေ ပြောပြခဲ့ကြတယ်လို့ ဦးသီဟစောက ရှင်းပြပါတယ်။ ဒီနေ့လည်း မစ္စတာ ကင်တားနားဟာ မြန်မာတိုင်းမ် ဂျာနယ်တိုက် အပါအ၀င် သတင်းမီဒီယာတွေကို လိုက်လံလေ့လာ တွေ့ဆုံ မေးမြန်းခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up