A d v e r t i s e m e n t With Us

ဆက်သွယ်ရေးဝန်ကြီးနှင့် နယ်စပ်ရေးရာ ၀န်ကြီးကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

သမ္မတက ပြည်ထောင်စုလွှတ်တော်ကို နာမည်စာရင်းတင်သွင်းထားတဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်း၊ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဒု-ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ကို လွှတ်တော်မှာ ကန့်ကွက်သူ မရှိတဲ့အတွက် ဒီနေ့ အစည်းအဝေးမှာ အတည်ပြုပေးလိုက်ပါတယ်။ လွှတ်တော်မှာ ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ၀န်ကြီးအဖြစ် အမည်စာရင်း တင်သွင်းပြီးနောက် ပြည်တွင်းထုတ် ဂျာနယ်တချို့မှာ ဝေဖန်ရေးသားမှုတွေ ရှိခဲ့ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ထဲက ၀န်ကြီး ၃၀ ၀န်းကျင်အနက် ၂၃ ယောက်ဟာ တပ်မတော် အငြိမ်းစား ဗိုလ်ချုပ်တွေ အပါအ၀င် အဆင့်မြင့် စစ်အရာရှိဟောင်းတွေ ဖြစ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up