မာယာလူမျိုးများ၏ နန်းတော်သစ် မက္ကဆီကိုတွင် တွေ့ရှိ

မက္ကဆီကိုနိုင်ငံ ယူကန်တန်ပြည်နယ်က ကူလူဘာရှေးဟောင်းသုတေသနနယ်မြေမှာ  မာယာလူမျိုးတွေရဲ့ နန်းတော်သစ်တခုကို ဒီဇင်ဘာ ၂၆ ရက်က ရှေးဟောင်းသုတေသီတွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။   အသစ်တွေ့ရှိတဲ့ နန်းတော်ဟာ မာယာမြို့အတွင်းတည်ရှိပြီး အရှည်  မီတာ ၅၀ နဲ့ အမြင့် ၆ မီတာရှိပါတယ်။ နန်းတော်ကို တည်ဆောက်ထားတဲ့ ပစ္စည်းတွေက ခေတ်ကာလ  နှစ်ခုကို ဖော်ပြရာမှာ ပထမခေတ်ဟာ အေဒီ ၆၀၀ကနေ ၉၀၀ ကြား ဖြစ်ပြီး  ဒုတိယခေတ်ကတော့ အေဒီ ၈၅၀ ကနေ ၁၀၅၀ ကြားကာလဖြစ်ပါတယ်။   နန်းတော်သစ်နဲ့အတူ သုတေသီတွေဟာ   တခြားအဆောက်အအုံ ၄ ခုကို ရှာတွေ့ခဲ့ပြီး အဲဒါတွေကတော့ ယဇ်ပလ္လင်တခု၊ လူနေထိုင်ရာဖြစ်ဖွယ်ရှိတဲ့ ငုတ်တို နှစ်ခု နဲ့  အဲဒီနေရာဝန်းကျင်က မီးဖိုတခုတို့ပဲ ဖြစ်ပါတယ်။     ကူလူဘာ ရှေးဟောင်းသုတေသနနယ်မြေဟာ တစ်ဖ်မင်း ဒေသကနေ ၃၅ ကီလိုမီတာ အကွာမှာရှိပြီး  ပြန်လည်တူးဖော်ရေးနဲ့ သုတေသနလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။   အင်အားကြီးမားလှတဲ့ မာယာအင်ပါယာဟာ ခန့်မှန်း အေဒီ ၂၅၀ နဲ့ ၉၅၀ ကြားမှာ   အထွတ်အထိပ်ကို ရောက်ခဲ့ပြီး အင်ပါယာဧရိယာဟာ မက္ကဆီကိုနိုင်ငံအပြင် လက်ရှိ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့  အနောက်အယ်ဆာဗေဒိုနိုင်ငံတွေအထိ ကျယ်ဝန်းတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up