Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ရေယာဉ်အချို့ ရပ်နားထားသဖြင့် ခရီးသည်များ အခက်ကြုံ
ဝဏ္ဏခွာညို
·
December 27, 2019
ရခိုင်ပြည်နယ်ထဲမှာ စစ်တွေ- မြေပုံ- မင်းပြား- ပေါက်တော နေ့စဉ်ပြေးဆွဲနေတဲ့ ရေယာဉ်တချို့ ခေတ္တရပ်ဆိုင်းထားတာကြောင့် ခရီးသည်တွေ အခက်ကြုံနေကြရပါတယ်။  စစ်တွေကနေ့ ပေါက်တော၊ မြေပုံ၊ မင်းပြားကို နေစဉ်ပြေးဆွဲနေတဲ့ ရေယာဉ်လိုင်း နှစ်ခုရှိပြီး ဒီဇင်ဘာ ၂၃ ရက်နေ့စလို့ မလိခရေယာဉ်တချို့ ခေတ္တရပ်ဆိုင်းထားကာ ရွှေပြည်တန်ရေယာဉ်တစီးနဲ့သာ သွားလာနေရတာကြောင့် အခက်အခဲဖြစ်နေကြတာလို့ ခရီးသည်တဦးက ပြောပါတယ်။ “လက်မှတ်ဝယ်ရတာက အရမ်းအခက်အခဲဖြစ်နေတယ်။ ကြားခုံတောင်လုံးဝမရတဲ့အခြေ အနေမျိုးဖြစ်နေတယ်။ လက်မှတ်က မနက်အစောကြီး သွားဖြတ်တာတောင်မရတဲ့ အနေအထားဖြစ်နေတယ်။ တစီးနဲ့လုံလောက်တဲ့ အနေအထားရှိမနေဘူး။” လက်ရှိအခြေအနေမှာ ကျောက်တော်-မြောက်ဦးကားလမ်းမှာ တချို့တိုက်ပွဲဖြစ်နေလို့ ပြေးဆွဲနေတဲ့ ကားတချို့လည်း လုံခြုံရေး အခြေအနေအရ မသွားလာရဲတာကြောင့် ရေးလမ်းကြောင်းခရီးကို အားကိုးပြီး နေ့စဉ်သွားလာနေကြရတယ်လို့ စစ်တွေ-မြောက်ဦးသွားမယ့် ခရီးသည်ဦးမောင်ဦးခင်က ပြောပါတယ်။ “လက်မှတ်က မနက်ကတည်းက ကုန်သွားပြီတဲ့၊ လူတွေကုန်းလမ်းကြောင်းနဲ့ မသွားရဲဘူးလေ။ ရေကြောင်းပဲ သွားရဲတော့ ရွှေပြည်တန်ပဲ ကျိတ်ကျိတ်တိုးနေကြတယ်။ အခုကျနော် လက်မှတ်မရတော့ဘူး။ ကျောက်တော် လွန်ရင် စိတ်ချမရတော့ဘူးလေ။ အဲ့ဒါကြောင့် မသွားရဲတာပါ။ ကျောက်တော်အလွန်မှာ အမြဲတမ်းတိုက်ပွဲဖြစ်နေတယ်။ မလိခမလိခ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးသန်းထွန်းက  “ဘာကြောင်ရပ်ထားလဲဆိုတော့ မလိခအင်ဂျင်ကပုံမှန်အနေအထားမှာမရှိဘူး။ ပြင်ဖို့ နည်းနည်းလိုတယ်။ ဖွင့်ဖောက်စစ်ဆေးတဲ့ အခါမှာကျတော့ ထင်ထားတာထက် ပိုပြီးတော့ အချိန်ယူရမယ်ဖြစ်နေတယ်။ အခုလည်းပြင်နေပါတယ်။ ကျနော်တို့လည်း သင်္ဘောကို ထွက်ချင်ပါတယ်။ ကြံ့ခိုင်မှုမရှိဘဲ ထွက်ရင် အန္တရာယ်များတယ်လေ။ ဒါကြောင့်မို့ ကျနော်တို့ ခဏလေးရပ်ထားတာပါ” လို့ ပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်ကျော်ကို အကြိမ်ကြိမ် ဆက်သွယ်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေဆိုတာမရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီဌာနကိုဆက်သွယ်ရာမှာ ရွှေပြည်တန် ရေယာဉ်ကတာဝန်ရှိသူတွေ မေးမြန်ဖို့ဖြေဆိုပါတယ်။ လက်ရှိမှာတော့ ဒီဇင်ဘာလကျောင်းပိတ်ရက်တွေနဲ့ အားကစားသမားတွေ၊ ခရီးသည်တွေ များပြားလာတာကြောင့် ရွှေပြည်တန်ရေယာဉ်တစီး ထပ်မံတိုးချဲ့ပြေးဆွဲနေတယ်လို့ ရေယာဉ် လက်ထောက်မန်နေဂျာဦးအောင်သန်းဦးက ပြောပါတယ်။ အရင်က အစိုးရပိုင် သင်္ဘောများပြေးဆွဲခဲ့ပြီး မင်းပြား၊ မြေပုံဘက်က မြစ်ချောင်းတွေ တိမ်ကောလာလို့ သွားမရဘဲ ရပ်ဆိုင်းခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်တွေကို ပုဂ္ဂလိကရေယာဉ်တွေက ပြေးဆွဲနေတာလည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024