တာမွေယာယီစျေးသစ်ဆောက်မည့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ
ချမ်းမြေ့မောင်
·
December 27, 2019
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှာ တာမွေယာယီစျေးအသစ်ဆောက်လုပ်မယ့် အပေါ် သဘောမတူတဲ့အတွက် စျေးသူ စျေးသား ၃၀၀ ဝန်းကျင်က ဒီကနေ့ မနက် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စျေးသစ်ဆောက်လုပ်ရမှာ စျေးသူစျေးသားတွေရဲ့ သဘောဆန္ဒကို ညှိနှိုင်းတာမရှိခြင်း၊ ဆိုင်ခန်းနေရာချထားပေးရာမှာ ကျဉ်းမြောင်းနေခြင်း၊ ဈေးသစ်မှာမြေအောက်ခန်းပါဝင်နေခြင်း။ ပွင့်လင်းမြင်သာမှုမရှိခြင်းစတာတွေ ပါဝင်တဲ့ အချက် ၈ ချက်ကို တောင်းဆိုဆန္ဒထုတ်ဖော်တာပါ။
စျေးသစ်ဆောက်လုပ်ဖို့အတွက် စျေးအတွင်းကစျေးဆိုင်ခန်းတွေကို အခုလ ၂၉ ရက်နေ့ ယာယီဆိုင်ခန်းနေရာကို အပြီးပြောင်းပေးဖို့နဲ့ မပြောင်းရွှေ့ရင်ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ စျေးသူစျေးသားတွေကဆိုပါတယ်။
စျေးသူစျေးသားတွေကတော့ သူတို့တောင်းဆိုထားတဲ့ အချက် ၈ ချက်ကို ပြေလည်အောင်မညှိပေးရင်တော့ ပြောင်းရွှေ့ပေးမှာမဟုတ်ဘူးလို့လည်း ပြောဆိုကြပါတယ်။