ထိုင်းနိုင်ငံတွင် ဘတ် ၂ သန်းအထက် ငွေလွှဲပါက ဘဏ်စာရင်းတင်ပြရမည်

ထိုင်းနိုင်ငံရှိ ဘဏ်တွေကနေတဆင့် တနှစ်အတွင်း အကြိမ်ပေါင်း ၃၀၀၀ ထက်မနည်းနဲ့  ဘတ်ငွေ အနည်းဆုံး ၂ သန်းအထက် ငွေလွှဲတယ်ဆိုရင် အကောက်ခွန် ဦးစီးဌာနကို ဘဏ်စာရင်းတင်ပြရမယ်လို့ ထိုင်းအစိုးရပြန်တမ်းဝဘ်ဆိုက်မှာ  ဒီဇင်ဘာ ၂၃ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။   ထိုင်းဝန်ကြီးတွေရဲ့ ၂၀၁၉ နိုဝင်ဘာလမှာ ပြင်ဆင်ပြဋ္ဌာန်းတဲ့ အခွန် ဥပဒေပုဒ်မ ၃၅၅ အရ  မည်သူမဆို နှစ်စဉ် အကြိမ်ပေါင်း ၃၀၀၀ ထက်မနည်း ငွေလွှဲရင်သော်လည်းကောင်း ၊ တစ်နှစ်လျှင် ဘတ် ၂ သန်းထက်မနည်း ငွေလွှဲပါက အဆိုပါဘဏ်အကောင့် အမည်စာရင်းကို ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ခံ အကောက်ခွန်ဦးစီးဌာနသို့ ပေးပို့ရမယ်လို့ ဆိုပါတယ်။  ပုံမှန်ငွေလွှဲခြင်းမဟုတ်တဲ့ အဆိုပါ ပုဂ္ဂိုလ် (သို) လုပ်ငန်းရှင်တွေရဲ့ အမည်စာရင်းကို သက်ဆိုင်ရာဘဏ်ဝန်ထမ်းတွေအနေနဲ့ လာမယ့် ၂၀၂၀ မတ်လကစပြီး နှစ်စဉ် မတ်လ ၃၁ ရက်အတွင်း ကောက်ခံပေးပို့ရမှာ ဖြစ်ပါတယ်။  အဆိုပါအချက်အလက်တွေမှာ ဘဏ်စာရင်းစာအုပ်နံပါတ်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ လုပ်ငန်းမှတ်ပုံတင်အမှတ်၊ ဘဏ်စာအုပ်ပိုင်ရှင်ရဲ့အမည်၊  လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအမည်နဲ့ ပထမဆုံးအကြိမ် စုငွေပမာဏတွေကို တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုက ရတဲ့ငွေတွေကို လွှဲပြောင်းခြင်း ၊  ငွေမည်းခ ဝါချခြင်း၊ တရားမဝင်ငွေလွှဲမှုတွေ မကြာခန ဖမ်းဆီးရရှိပြီးတဲ့နောက် အစိုးရက ဒီဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။  ကိုးကား-ချင်းမိုင်နယူးစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up