ချီဗွေမြို့အနီး ပြင်းအား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ ရှိ မြေငလျင်လှုပ်
DVB
·
December 27, 2019
ကချင်ပြည်နယ်၊ ချီဗွေမြို့အနီးမှာ မနေ့က အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွာတယ်လို့ မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၀ နာရီ၊ ၄၂ မိနစ်၊ ၄၃ စက္ကန့် အချိန် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၅၁ မိုင် ခန့်ကွာဝေးတဲ့ မြန်မာပြည်တွင်း ချီဗွေမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၈ မိုင် ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ မြေငလျင်လှုပ်သွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။