ချမ်းမင်းရဲထွဋ်၊ နန်းဆုဦးနှင့် စိုးမြတ်သူဇာတို့ ခေါင်းဆောင်ပါဝင်သည့် ရုပ်ရှင်-၃(က)(နမူနာ)
DVB
·
December 27, 2019
လူငယ်မျက်နှာသစ် ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ ထူးထူးခြားခြား ရိုက်ကူးပုံ ဖော်ထားတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ - ၃(က)ကို ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုံ တင်ပြသသွားမှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ အောင်ချမ်းလူက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။
ဒီရုပ်ရှင်ကတော့ လက်ရှိလူမှုဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ထင်ဟပ်စေမယ့် ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ဒီကားထဲမှာ ခေါင်ဆိုင်ဆိုတဲ့ Single Mother မိန်းကလေးတယောက်ရဲ့ ဘဝဇာတ်လမ်းကို ရှုစားကြရမှာပါ။ ပညာမတတ်၊ ငွေ ကြေးမပြည့်စုံတဲ့ ခေါင်ဆိုင်တယောက် ဆိုးဝါးလှတဲ့ ကံကြမ္မာအလှည့်အပြောင်းပေါင်းများ စွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖိနှိပ်ခံခဲ့ရတဲ့ အလှည့်အပြောင်းဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လို ရိုက်ကူးပုံဖော်ထားမလဲ။ သူ့လို မိန်းကလေးတွေအတွက် ကာကွယ်ပေးနိုင်ဖို့ ဥပဒေ လို အပ်နေပြီလား။ တူညီတဲ့ အခွင့်အရေး မရသေးတဲ့ လူတန်းစားတရပ်၊ ဖိနှိပ်ခံ အမျိုးသမီး ငယ်လေးတွေရဲ့ ဘဝဇာတ်ကြောင်းတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ လူငယ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ သရုပ် ဆောင်မင်းသား ချမ်းမင်းရဲထွဋ်၊ နန်းဆုဦးတို့နဲ့အတူ ဝါရင့်သရုပ်ဆောင်မင်းသမီး စိုး မြတ်သူဇာ၊ ထူးခြား၊ ကလေးသရုပ်ဆောင် ဟိဏ်းသီရိစံတို့က အတူပါဝင်သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။
ဒီကားထဲက သစ်ပင်အမည်ရတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးကိုတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ တေးရေးကမ္ဘာက ရေးဖွဲ့ပေးထားခဲ့ပြီး သရုပ်ဆောင် နန်းဆုဦးက သီဆိုပေးထားခဲ့တာပါ။
လတ်တလောမှာတော့ ၃(က) ရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။