ဘောလိဝုဒ်စတား အက်ရှေးကူးမားပါဝင်သည့် ဟာသဇာတ်မြူးရုပ်ရှင်-Good Newwz(နမူနာ)
DVB
·
December 26, 2019
ဘောလိဝုဒ်စတားမင်းသား အက်ရှေးကူးမားပါဝင်တဲ့ ဟာသဇာတ်မြူးဒရာမာ ရုပ်ရှင် Good Newwz ကို မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။
ဒီကားကိုတော့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Raj Mehta က ရိုက်ကူးပုံဖော်ပေးထား တာဖြစ်ပြီး Zee Studios ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ မျိုးရိုးနာမည်ချင်းတူညီနေကြတဲ့ စုံတွဲ ၂ တွဲဟာ ဆေးရုံတရုံမှာ တိုက်ဆိုင်စွာပဲ ဖန်ပြွန်သန္ဓေသားယူကြဖို့ တချိန်တည်း တပြိုင်တည်းရောက်လာခဲ့ကြချိန် မှာ သူတို့ နာမည်တွေ တူနေခဲ့တဲ့အတွက် အလွဲအချော်၊ ကမောက်ကမဖြစ်ရတာတွေကို ဟာသဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာပါ။
ဒီကားထဲမှာတော့ မင်းသားအက်ရှေးကူးမားနဲ့အတူ တခြားသရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ကရီနာကပူးရ်၊ ဒီလ်ဂျစ်ဒိုဆန်းဂျ်၊ ကီရာယာ အက်ဒ်ဗန်နီစတဲ့ သ ရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ကြာမြင့်ချိန် ၁၃၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဟင်ဒီစကားပြောရုပ်ရှင်ကား တကားအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇၂ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။