Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
December 26, 2019
အပတ်စဉ် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပထမကမ္ဘာစစ်ပွဲနောက်ခံ ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ 1917 ! ဒီကားကိုတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ American Beauty ရုပ်ရှင်နဲ့ ရွှေ ကမ္ဘာလုံးဆုတွေ၊ အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့တဲ့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Sam Mendes က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Universal Pictures ကနေ ဖြန့်ချိ ပေးသွားမှာ ဖြစ်ပါတယ်။ 1917 လို့ ရိုးရိုးရှင်းရှင်း နာမည်ပေးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကတော့ ခုနောက်ပိုင်း ခပ်စိပ်စိပ် ရိုက်ကူးလာကြတဲ့ ဒုတိယကမ္ဘာစစ်ပွဲ နောက်ခံရုပ်ရှင်ကားတွေနဲ့မတူ တမူကွဲ ပြားပြီး ပထမကမ္ဘာစစ်ပွဲကာလကို အခြေတည်ရိုက်ကူးထားခဲ့တာပါ။ ဒီကားထဲမှာတော့ ဗြိတိန်စစ်သား ၁၆၀၀ ဟာ ရန်သူ့နယ်မြေဘက်ကို ချီတက်ဖို့ လုပ်ထားကြချိန်မှာ ဒီသတင်းကို တဖက်က သိသွားခဲ့တဲ့အတွက် အဆင်သင့် စောင့်နေကြ ပါတယ်။ ဒီလိုရှေ့ဆက်တိုးရင်တော့ သူတို့အားလုံး အသတ်ခံရတော့မယ့် အခြေအနေကို မှာ ဘာတွေဆက်ဖြစ်လာမလဲ။ ဆက်သွယ်ရေးခက်ခဲတဲ့ အဲဒီကာလအတွင်း ခြေလျင်စစ် သား ၂ ယောက်ကို စစ်မြေပြင်နဲ့ ရန်သူနယ်နိမိတ်ကို ဖြတ်ပြီး စစ်ဆင်ရေးရပ်ဆိုင်းမိန့် ပေးဖို့ နာရီပိုင်းအတွင်း ရောက်အောင် သွားခိုင်းချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲ၊ တကယ်ရော ကယ်တင်နိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာပါ။ ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ George MacKay ၊ Dean-Charles Chapman ၊ Mark Strong ၊ Andrew Scott ၊ Richard Madden၊ Colin Firth စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့် ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ် ရှင်ကားဟာ American Film Institute ကပေးတဲ့ Top Ten Films of the Year ဆုနဲ့ တခြားဆုတွေလည်း ရရှိထားပြီး အော်စကာဆုဆန်ကာတင်စာရင်းမှာလည်း ပါဝင် နေတာ ဖြစ်ပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ဟာ Rating 8.6 အထိ ရရှိထားတဲ့ ရုပ်ရှင်ကား ကောင်းတကား ဖြစ်ပါတယ်။   ကြာမြင့်ချိန် ၁၁၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အမေရိကန်နိုင်ငံမှာ လာမယ့် ဒီ ဇင်ဘာလ ၂၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။    နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Computer-Animated Spy ရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့ကြမယ့် Spies in Disguise ! Blue Sky Studios က ထုတ်လုပ်လိုက်ပြီး 20th Century Fox က ဖြန့်ချိပေး သွားမယ့် ဒီကားကိုတော့ ဒါရိုက်တာ ၂ ယောက်ဖြစ်ကြတဲ့ Nick Bruno နဲ့ Troy Quane တို့က ပူးပေါင်းပြီး ရိုက်ကူးပုံဖော်ပေးထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ စူပါစပိုင်အေးဂျင့်တယောက်ဖြစ်တဲ့ Lance Sterling နဲ့ စစ် ဆင်ရေးတွေမှာ လိုအပ်မယ့် ထူးထူးဆန်းဆန်း Gadgets တွေကို တီထွင်ပေးတတ်တဲ့ Walter Beckett တို့ရဲ့ ပူးပေါင်းမှုကို ရှုစားကြရမှာပါ။ တကယ်တမ်းမှာတော့ သူတို့ ၂ ယောက်ရဲ့ အမူအကျင့်နဲ့ စရိုက်တွေ မတူကြပါဘူး။ တနေ့တော့ ကံမကောင်းစွာပဲ Walter Becket ကြောင့် Agent Sterling တယောက် ခိုတကောင် ဖြစ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ သူတို့ မဖြစ်မနေ ပူးပေါင်းကြပြီး တလွဲတချော် Mission တွေနဲ့ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာတွေကို ဒီကားထဲမှာ ပရိသတ်တွေက ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။  ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် Agent Sterling နဲ့ Walter နေရာ မှာတော့ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်မင်းသား Will Smith နဲ့ Tom Holland တို့က အတွဲ ညီညီ အသံနဲ့ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။  ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆို ရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ် မှတ်ထားပါတယ်။   ရုံမတင်ခင်ကတည်းက ချီးကျူးမှုတွေ ရရှိထားတဲ့ ဒီရုပ်ရှင်ကားဟာ Annie Awards ဆန်ကာတင်စာရင်းမှာလည်း Best Character Design နဲ့ Best Music ဆုတွေ နဲ့ စာရင်းဝင်နေခဲ့တာပါ။  IMDb မှာ Rating 6.4 ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ Box Office မှာ ရုံ တင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေအမေရိကန်ဒေါ်လာ ၂၃ သန်းကနေ သန်း ၃၀ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။  ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ ချည် ! ဒီကားကိုတော့ အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ် ပြီး စာရေးဆရာ မင်းခိုက်စိုးစန်နဲ့ ထက်မြတ်နိုင်ဇင်တို့ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါ ရိုက်တာ ညွန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသား နေတိုးနဲ့အတူ သက်မွန်မြင့်၊ ရွှေသ မီးတို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ချည်ဆိုတဲ့ အတိုင်း ဒီရုပ်ရှင်ကားထဲမှာ သုံးပွင့်ဆိုင် အချစ်ဒရာမာ ဇာတ်လမ်းတပုဒ် အနေနဲ့ ဘယ်လိုပုံဖော်ထားမလဲ၊ ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ရန် ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည်ကြီး IP Man ရုပ် ရှင်စီးရီးစ်တွေရဲ့ ၄ ကားမြောက်ရုပ်ရှင်အနေနဲ့ ထွက်ရှိလာတဲ့ Ip Man 4: The Finale ! ဒီကားကိုတော့ အရင်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဟောင် ကောင်ရုပ်ရှင်ဒါရိုက်တာ Wilson Yip က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ဟောင် ကောင်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Pegasus Motion Pictures က တင်ဆက်လိုက် တာ ဖြစ်ပါတယ်။ ဒီတခါမှာတော့ Ip Man နဲ့ သားဖြစ်သူတို့ဟာ ပိုကောင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်ဖို့ San Francisco, United States က Bruce Lee ဖွင့်ထားတဲ့ Wing Chun ကျောင်းကို ရောက်လာပြီးတဲ့နောက်မှာ လူမျိုးရေး အသားအရောင်ခွဲခြားခံရမှု တွေ၊ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်ကြရတာတွေကို ပရိသတ်တွေက ဒီကားထဲမှာ ရှု စားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့နာမည်ကြီးဟောင်ကောင်စတန့်သရုပ်ဆောင်မင်းသား Donnie Yen ၊ Wu Yue နဲ့ Scott Adkins တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၅၂ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားဟာ IMDb မှာတော့ Rating 7.7 အထိ ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသသွား မှာဖြစ်လို့ ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကလည်း ထူးခြား တဲ့ မြန်မာရုပ်ရှင်ကားတကားပါ။ ဒီကားကတော့ ရယ်မောပျော်ရွှင်စရာတွေရော ထိတ် လန့်ကြောက်ရွံ့စရာတွေကိုပါ တပြိုင်တည်း ခံစားကြရမယ့် ကြောက်ကြောက်ကြောက် (၂) ! ဒီရုပ်ရှင်ကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး ငြိမ်းချမ်းကျော်ရဲ့ ဇာတ်လမ်းကို နေစိုးသော်နဲ့ လွင်မင်းအံ့တို့က ဇာတ်ညွှန်းခွဲထား ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကားကို ရိုက်ကူးပုံဖော်ထားသူကတော့ မုန်းစွဲရုပ်ရှင်နဲ့ ပရိသတ် တွေ အသိအမှတ်ပြုခဲ့ကြရတဲ့ ဒါရိုက်တာ ဩရသပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး ရုံတင်ပြသခဲ့တဲ့ ကြောက်ကြောက်ကြောက်ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား နေတိုး၊ ထွန်းထွန်း၊ တိုင်ရွန်၊ နန်းဆုဦး၊ မေမြင့်မိုရ်တို့နဲ့အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်နဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကတော့ အကြောင်းအရာကိုယ်စီနဲ့ ခရီးထွက်လာကြပြီး တိုက်တိုက် ဆိုင်ဆိုင်ပဲ ထူးဆန်းတဲ့ကားတစ်စီးပေါ်မှာ အားလုံးအတူစီးမိကြတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လိုသွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024