တရုတ်နိုင်ငံတွင် ဥဖောက်စက်ဖြင့် ဖောက်ထားသည့် ပင်ဂွင်း ၂ ကောင် ပေါက်ဖွား

တရုတ်နိုင်ငံ ချန်ဒူးက ငါးပြတိုက်တခုမှာ ဥဖောက်စက်နဲ့ ဖောက်ထားတဲ့ ပင်ဂွင်း နှစ်ကောင် ပေါက်ဖွားလာပါတယ်။ ဒါဟာ ဥဖောက်စက်နဲ့ ဖောက်ထားတဲ့ ပင်ဂွင်းတွေ မွေးခဲ့တာဟာ ပထမဆုံး ဖြစ်ပါတယ်။ ပင်ဂွင်းဇနီးမောင်နှံဟာ စက်တင်ဘာလကစပြီး အသိုက်စတင် လုပ်ခဲ့ကြပြီး ဥတွေကိုတော့ နိုဝင်ဘာလလယ်မှ ဥခဲ့ကြတာပါ။ ဥကနေ အကောင်ပေါက်ဖို့ ၃၅ ရက်ခန့်ကြာလေ့ရှိပြီး အကောင်ပေါက်နှုန်း တိုးပွားစေဖို့ မျိုးဆက်ဥတွေကို အတုပေါက်ဖွားတဲ့ သေတ္တာထဲကို ပြောင်းရွှေ့ရပါတယ်။ ပင်ဂွင်းငှက်ကလေးတွေ အခွံကို ဖွင့်လိုက်ပြီးတဲ့အချိန်မှာ မိခင်တွေဆီ ပြန်ပို့ပေးခဲ့တာပါ။ Gentoo ပင်ဂွင်းငှက်တွေကို ကုန်းတွင်းပိုင်းဒေသတွေမှာ မွေးမြူဖို့ဆိုတာ ခက်ခဲတဲ့ လုပ်ငန်းတခုဖြစ်ပြီး Cube Oceanarium အနေနဲ့ ၅ နှစ်ကြာအောင် စီမံဆောင်ရွက်ခဲ့ရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ အန္တာတိကတိုက်ရဲ့ သဘာဝအခြေအနေတွေကို တုပဖို့ အလွန်ခဲယဉ်းပြီး အလင်းစိုထိုင်းဆတွေက အဲဒီအတိုင်းဖြစ်ဖို့ စီမံရတာပါ။ ဥပမာ- အပူချိန်က ဝဒသမ ၅ ဒီဂရီ စင်တီဂရိတ် ရှိရင်တောင်မှ ဥကွဲအက်နိုင်ပြီး အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလကို ကုန်လွန်စေခဲ့တယ်လို့  Cube Oceanarium ရဲ့ အထွေထွေမန်နေဂျာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up