ပရီးမီးယားလိဂ်တွင် လီဗာပူးအသင်း ကမ္ဘာ့ချန်ပီယံတံဆိပ် တပ်ဆင်ကစားခွင့်ရ  

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဖီဖာရဲ့ကမ္ဘာ့ကလပ်ချန်ပီယံဘွဲ့ ရွှေရောင်တံဆိပ်ကို ရင်ဘတ်ပေါ်မှာ တပ်ဆင်ခွင့်ရရှိရေး ခွင့်ပြုချက် ရရှိသွားပါတယ်။  ဖီဖာရဲ့ကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဖလာမင်ဂိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့တဲ့ လီဗာပူးအနေနဲ့ ကလပ်ရဲ့သမိုင်းတလျှောက် ပထမဆုံး ရရှိခဲ့တဲ့ ဆုဖလား လည်း ဖြစ်ပါတယ်။ အဲဒီရင်ဘတ်တံဆိပ်ကို လာမယ့်ပရီးမီးယားလိဂ်ရာသီဝက်ပွဲစဉ်တွေကနေစလို့ တပ်ဆင် ကစားသွားဖို့ ခွင့်ပြုချက်ကို ပရီးမီးယားလိဂ်ဘက်က ပြန်လည်‌သဘောတူညီခဲ့ပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲတွေမှာတော့ ကျင်းပတဲ့ ကော်မတီ မတူညီတာကြောင့် တပ်ဆင်ကစားခွင့် ရ၊ မရ‌ မသေချာပါဘူး။ မာဆေးလ်ဆ်ဒ်ကလပ်ရဲ့တာဝန်ရှိသူတွေကတော့ ပြိုင်ပွဲအားလုံးမှာ ဝတ်ဆင်က ကစားလိုတာ ဖြစ်လို့ ကြိုးပမ်းနေပေမယ့် အခုလိုလုပ်ရပ်နဲ့ပတ်သက်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေ ပါတယ်။  လက်ရှိ ပရီးမီးယားလိဂ်ရဲ့ဆုံးဖြတ်ချက်အရ လီဗာပူးတို့အနေနဲ့ လာမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေကစလို့ ရွှေရောင်တံဆိပ်ကို ရင်ဘတ်ပေါ်မှာ တပ်ဆင်ခွင့်ရတော့မှာပါ။  ဒီတံဆိပ်ကို ချန်ပီယံလိဂ် ၃ နှစ်ဆက်ရဖူးတဲ့ ရီးရဲလ်မက်ဒရစ်အသင်းလည်း လာလီဂါရဲ့ ၃ ရာသီလုံးမှာ တပ်ဆင်ကစားခွင့်ရခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းကိုတော့ ၂၀၀၈ ခုနှစ်က အင်္ဂလိပ်အသင်းတွေထဲမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ကလပ်ချန်ပီယံဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ဘက်ကတော့ ရွှေရောင်တံဆိပ် တပ်ဆင် ကစားခွင့် မပေးခဲ့ပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up