ရွှေFM ရေဒီယိုက ကြီးမှူးတဲ့ “လူထုပဲ့တင်သံ”လို့ နာမည်ပေးထားတဲ့ သင်္ကြန်သံချပ် ပြိုင်ပွဲတခု ကျင်းပပြုလုပ်မယ်လို့ ကျင်းပရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
မြန်မာ့ရိုးရာသင်္ကြန်သံချပ်အဖွဲ့တွေနဲ့ မျိုးဆက်သစ် သင်္ကြန်သံချပ်အဖွဲ့တွေကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားပြီး လျှောက်လွှာတွေကို ဗိုလ်တထောင်ဘုရားလမ်းက ရွှေအက်ဖ်အမ် ရုံးချုပ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၁ လမ်း က ဘိုဘိုအင်တာတိန်းမင့် ရုံးခန်းမှာ ထုတ်ယူနိုင်တယ်လို့ ပြောပါတယ်။ လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၂၈ နောက်ဆုံးထား တင်ပြရမှာဖြစ်ပြီး ပြိုင်ပွဲ ကျင်းပမယ့် နေရာ၊ နေ့ရက်နဲ့ ဆုချီးမြှင့်မယ့် ငွေပမာဏကိုတော့ ထပ်ပြီး ကြေညာသွားမယ်လို့ သိရပါတယ်။
အရင်စစ်အစိုးရလက်ထက် နှစ်ပေါင်းများစွာ သင်္ကြန်သံချပ်ထိုးတဲ့ အလေ့အကျင့် မရှိခဲ့ရာကနေ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ပြန်လည် ခေတ်စားလာတာ ဖြစ်ပါတယ်။