ပြင်သစ်အစိုးရ၏ ပင်စင်စနစ်  ပြုပြင်ရေးအစီအစဉ်ကို ဘဲလေးကချေသည်များ ဆန္ဒပြ 

ပြင်သစ်အစိုးရရဲ့ ပင်စင်ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဒီဇင်ဘာ ၂၄ရက်က ဘဲလေးကချေသည် ၃၀ လောက်ဟာ နာမည်ကျော် Palais Garnier  အော်ပရာကဇာတ်ရုံရှေ့မှာ ကပြဖျော်ဖြေခဲ့ပါတယ်။ မိနစ် ၂၀ ကြာတဲ့ တင်ဆက်ပွဲကို လူပေါင်းရာချီ လာရောက် အားပေးခဲ့ပါတယ်။ ကမ္ဘာမှာ ပင်စင်လစာ အများဆုံးရသူတွေထဲ ပြင်သစ် ဘဲလေးကချေသည်တွေ ပါဝင်ပါတယ်။   ပြင်သစ်မှာ ပင်စင်လစာနဲ့ပတ်သက်လို့ အစီအစဉ်တွေက အမျိုးမျိုး ဖြစ်နေတာပါ။ ပြင်သစ် ဘဲလေးကချေသည်တွေဟာ  အသက် ၄၂ နှစ်အရွယ်မှာ ပင်စင်ယူပါတယ်။   Palais Garnier  အော်ပရာကဇာတ်ရုံဟာ အသက် ၈ နှစ်အထက် လူငယ်တွေ လက်ခံသင်ကြားပေးပါတယ်။ ဘဲလေးကချေသည်တွေ ပင်စင်ယူတဲ့အခါ သူတို့အလုပ်နဲ့ ဆက်စပ်တဲ့ အကသင်တန်းတွေ ဖွင့်ကြပြီး လူနေမှုအဆင့်အတန်း မြင့်မားစွာ နေရပါတယ်။ သမ္မတမာခွန်းက အလုပ်သမားအမျိုးအစားခွဲပြီး  ခံစားခွင့်တွေပေးတာက မတရားဘူးဆိုပြီး အလုပ်သမားအားလုံးကို တပြေးတည်းဆက်ဆံတဲ့ “ပွိုင့်” စနစ်ကို ထားလိုပါတယ်။ အခုလို ပင်စာလစာ ပြောင်းလဲရေးကို ဆန့်ကျင်တဲ့ သပိတ်တွေ စကတည်းက Palais Garnier  ကဇာတ်ရုံဟာ  ယူရိုငွေ ၈ သန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up