A d v e r t i s e m e n t With Us

နေရာစုံ ကစားနိုင်သည့် ကစားသမားအဖြစ် ပေါ့ဘာကို မန်ယူနိုက်တက်နည်းပြ ချီးကျူး 

Photo : Daily Mail Sport
တကွင်းလုံး နေရာစုံ ကစားနိုင်တဲ့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားဟာ  ပေါ့ဘာသာ ဖြစ်တယ်လို့ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။  ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတဲ့ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာပေမယ့် ခြေစွမ်းမပြသနိုင်သေးတာကို တွေ့ရပါတယ်။  ပေါ့ဘာဟာ ၆၄ မိနစ်အရောက်မှာ လူစားဝင်ကစားခဲ့ပေမယ့် သူ့အနေနဲ့တော့ ၂ ဂိုးပြတ် ရှုံးနိမ့်နေတဲ့ရလဒ်ကို ပြောင်းလဲပေးနိုင်ခြင်း မရှိတဲ့အပြင် ပုံမှန်ခြေစွမ်းကို မြင်တွေ့ရခြင်း မရှိလို့ သုံးသပ်သူတချို့က ဝေဖန်ပါတယ်။ ဒါပေမဲ့ နည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာနဲ့ပတ်သက်လို့ အခုလို ကာကွယ် ပြောဆိုခဲ့တာဖြစ်ပြီး ကွင်းလယ်ပိုင်းမှာကောင်းမွန်စွာ ကစားနိုင်သလို တကွင်းလုံး နေရာစုံ ကစားနိုင်တယ်လို့ ဆိုပါတယ်။‌  ပေါ့ဘာဟာ မကြာခဏဆိုသလို အသင်းကြီးတချို့ရဲ့ စိတ်ဝင်စားမှုခံနေရသူ ဖြစ်ပြီး အိုးထရက်ဖိုဒ့်ကနေ ထွက်ခွာဖို့ စဉ်စားခဲ့ပေမယ့် သူ့ရဲ့အေးဂျင့် ရွိုင်းအိုလာကတော့ ယူနိုက်တက်မှာပဲ ဆက်နေဖို့ရှိတယ်လို့ ဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up